အပိုင်း ၁၉

Začít od začátku
                                    

နန်းဆောင်မှာထွန်းညှိထားတဲ့ မီးရောင်က
ထိုလူသားရဲ့ မျက်နှာရှင်းရှင်းလေးကို
အနည်းငယ်တောက်ပစေတာမို့ ငိုထားတာကြောင့် နီမြန်းနေတဲ့
နှာခေါင်းလုံးလုံးလေးနဲ့ ငွေ့ ရည်ဖွဲ့ လက်စ မျက်ဝန်းသေးသေးလေးက
အရှင်ကို ကြည်စယ်နေသယောင်ထင်ရပေသည်။

အရှင်က ရုတ်တရက် ထွေးဖက်လိုက်တော ထိုလူသားလေးက တအံ့တဩ

ရှောင်ကျန့် /အ...အရှင်

ထို့နောက်အရှင်က ခဏခွာသွားကာ

မင်းကြီး /မင်းအဝတ်တွေစိုနေတယ် မင်းကိုကူညီပြီးလဲပေးမဲ့ အစေခံတွေကမရှိဘူး သူတို့ပြန်လာတဲ့အထိစောင့်ရင်း မင်းကိုအဖော်ပြုပေးမယ် ပြီးတော့ အဝတ်လဲဖို့အကူအညီလိုရင်လဲ...

ရှောင်ကျန့် /ကိုယ့်...ကိုယ့်ဘာသာ လဲဝတ်လိုက်ပါ့မယ်

မင်းကြီးရဲ့စကားမဆုံးခင်မှာပဲ အရှက်သည်းသွားတဲ့ယုန်ပေါက်လေးက
နန်းဆောင်ထဲပြေးဝင်သွားသည်မှာ ဒီညအဖို့ပြန်ထွက်လာမည့်ပုံမပေါ်တော့
အရှင်ဟာ ကြည်နူးရိပ်လေးတိုးကာ ခပ်ဖွဖွရယ်မိပါလေသည်။
ထိုနောက် အဆောင်ထဲ အလျင်အမြန်ဝင်ပြေးရှာတဲ့ ယုန်ဖြူလေးကြောင့်
အရှင့်မှာ ငူငူငိုင်ငိုင်နဲ့ကျန်ရစ်ခဲ့ရပါသေး၏
ခဏလောက်တိတ်ဆိတ်နေပြီးမှ
အရှင်လဲ ထိုအဆောင်ထဲ လိုက်ဝင်သွားလေသည်

ထိုအချင်းအရာကို အဝေးတနေရာကနေ
လှမ်းကြည့်နေတဲ့ စစ်သူကြီးမင်းဟာ
တိတ်တဆိတ်ကြေကွဲနေရပြန်တယ်

အချို့သောချစ်ခြင်း မေတ္တာတွေဟာ ခေါင်းစဉ်တပ်လို့မရခင်မှာပင် ခေါင်းစဉ်ထပ်ဖို့အခွင့်အရေး မရှိတော့ပြီလေ...

.............

ဖန်နန်းဆောင်...

အထိန်းတော်ကြီး / ကြင်ယာတော်ရှင်း ...
တောင်ပိုင်းအမတ်မင်းဟုန်က
တွေ့ ခွင့်တောင်းလာပါတယ်

ရှင်းလျန် / *သူကငါနဲ့ ဘာကိစ္စရှိလို့လဲ *

ရှင်းလျန် / ဝင်လာခိုင်းလိုက်!!!

အမတ်မင်းဟုန် /ကျွန်တော်မျိုး မယ်မယ်ကို ဂါရဝပြုပါတယ်

ရှင်းလျန် / မယ်မယ်?

အဆိပျ အဆိပ်Kde žijí příběhy. Začni objevovat