*ဟူး ယဉ်ကျေးရတာခက်လိုက်တာ လီး*

"ဟုတ်ပြီမေး"

"ကျွန်တော်က တခါမှ မပေါင်ဖူးတော့လေ ဟိုလိုလာပေါင်တဲ့သူတွေ အပေါင် မရွေးနိူင်ရင် တစ်ခုခု သိမ်းလား "

"အဲ့တာက အပေါင်ဆိုင်ကမှမဟုတ်တာ အကြွေးရှင်တွေထင်တယ် ကိုယ်တို့ကျတော့လာပေါင်တဲ့ ပစ္စည်းတစ်ခုခုကိုဘဲသိမ်းယူလိုက်တာမျိုးလေ "

သူပြောပုံအရဆို လာပေါင်တဲ့ဟာကိုသိမ်းတယ်ဆိုတော့ ဒီဆိုင်မှာငါ့ကိုငါပေါင်လိုက်ရမလား မဟုတ်ဘူးမဟုတ်ဘူး ငါကလူလေ ကုန်ပစ္စည်းမှ မဟုတ်ဘဲ ။
ဘာဘဲဖြစ်ဖြစ် ငါ့အခု သူ့ကိုရမှဖြစ်မှာ။

"ကျွန်တော် ပေါင်စရာတော့မရှိဘူး
ဒါပေမယ့် ပိုက်ဆံလိုနေတာမို့လို့ ကျွန်တော့်ကို ကျွန်တော် ပေါင်လို့ရလား ဥပမာ အသဲတို့ကျောက်ကပ်တို့ တစ်ခုချင်းစီပေါ့ "

"...."

"အာဒီလိုမျိုးလေ အခု ကျောက်ကပ်ပေါင်မယ် နောက်မရွေးနိူင်ရင် အသဲပေါင်မယ် အဲ့လိုမျိုးပေါ့ အစိတ်အပိုင်းတစ်ခုလုံးမရွေး
နိူင်လို့ အပေါင်လည်းဆုံးသွားပြီဆိုရင် ကျွန်တော်ကိုပါသိမ်းလိုက်တော့
အဲ့ကျ လုပ်ချင်တာလုပ်ကွာ ကျွန်တော်က မင်းအပိုင်ဖြစ်သွားပြီလေ "

သူပြောနေတာကို နားလည်သလို မလည်သလို ရီချလိုက်တာသူကြောင့်
ကိုယ့်ကိုကိုယ်လည်း ရူးနေတာလားလိုပါတွေးမိတော့သည်။

"ဟားဟား ရာချီ မင်းရူးနေတာလား "

"အပိုတွေမပြောနဲ့အခုနက ကျွန်တော်ပြောတာရမလား "

"အင်းရတယ် "

ချက်ချင်းကြီးလက်ခံလိုက်တဲ့သူကြောင့်စွံအမိ၏

"ဟင်ချက်ချင်းကြီး "

"ကဲပါ အခုဘာအရင်ပေါင်ချင်တာလဲ ဘယ်လောက်ပေးရမလဲ "

"တစ်ခုချင်းပေါင်ရင် ကြာပါတယ်ကွာ
တစ်ကိုယ်လုံးပေါင်းမယ် တန်ကြေးက ကျွန်တော်ကို လယ်ကွက်တစ်ကွက်ပေး "

"ဘယ်လို "

"ဟုတ်တယ်လေ ကျွန်တော့်ခန္ဓာကိုယ်က လယ်ကွက်တစ်ကွက်စာတော့ တန်ပါတယ်ဗျာ"

သူကြီးသားကကျွန်တော့်အပိုင်[ပုံတိုင်းဆောင်](Completed)On viuen les histories. Descobreix ara