သူ့လက်မှတ်ရှိတဲ့ကွာရှင်းစာချုပ်မှာ လက်မှတ်မထိုးလောက်ပါဘူးလို့ ထင်ရသော ယောကျာ်းဟောင်းမှာ လက်မှတ်ထိုးပြီး သူ့အစားတရားရုံးကိုပို့ပြီးတရားဝင်ကွာရှင်းပြီးကြောင်းသက်သေပြခဲ့သည် ။

ထို့နောက် ယောက်ျားဟောင်းနဲ့ကွာရှင်းပြီးလို့ တစ်ရက်အကြာမှာတော့ သူဟာသူပိုင်ဆိုင်တဲ့ ဘိုးဘွားပိုင်ကုမ္ပဏီကိုဆုံးရှုံးခဲ့ရသည် ။

ဘာမဟုတ်တဲ့ သူ့အကူအညီနဲ့စီးပွားရေးလောကထဲကို နောက်မှဝင်ရောက်လာခဲ့တဲ့ သူ့ယောကျ်ားဟောင်းကျွင်းမိသားစုရဲ့ကလိန်ဥာဏ်ဆင်အကွက်ထဲ သူဟာ ချည်ပြီးတုတ်ပြီးရိုက်ချခံခဲ့ရသည် ။

သူ့ကိုချစ်တယ်ချစ်တယ်နဲ့ သူတစ်ယောက်တည်းသာဒီကမ္ဘာမှာအချစ်ရဆုံးလူပါလို့ပြောပြီး ဘယ်အချိန်ကတည်းက သူ့နောက်ကွယ်မှာသူမသိအောင် ရှယ်ယာတွေကိုခိုးဝယ်ထားသလဲမသိသော ယောကျ်ားဟောင်းမှာ ကွာရှင်းပြီးတစ်ရက်အကြာမှာတော့ သူ့ကို ကုမ္ပဏီရဲ့CEOရာထူးမှ ဖြုတ်ချပြီး ကုမ္ပဏီကနေမောင်းချခဲ့သည် ။

ယောကျာ်းဟောင်းရဲ့အတုအယောင်အချစ်တွေထဲနစ်မျောခဲ့ပြီး သူတို့ချစ်ကြည်နူးနေသောအချိန်တုန်းကယောကျ်ားဟောင်းဘက်ကတောင်းဆိုလာသည့် ..

" ကိုယ့်ကိုချစ်ရင် အားကျန့်ရဲ့ရှယ်ယာတွေကိုကိုယ့်နာမည်နဲ့ပြောင်းပေးရဲလား "

ဆိုသောစိန်ခေါ်မှုကို သူလိုက်ပြိုင်ခဲ့မိခြင်းကြောင့် ပြောစရာစကားပျောက်ဆုံးသည့်အ​ခြေအနေဖြင့် သူဟာ သူ့ကုမ္ပဏီကနေ အပြင်လူတစ်ယောက်လိုမောင်းထုတ်ခံခဲ့ရသည် ။

ဒါ့အပြင် သူ့ကိုသိပ်ချစ်သိပ်ခင်ပါတယ်ဆိုသော သူငယ်ချင်းမမှာလည်း ဘယ်အချိန်ကတည်းကသူ့အပေါ်မနာလိုဝန်တိုမှုတွေထားခဲ့ပြီး သူ့ယောက်ျားဟောင်းနဲ့ပတ်သက်မှုတွေရှိခဲ့သလဲမပြောတတ် ။

သူ့ဘိုးဘွားပိုင်ကုမ္ပဏီထဲကနေ သူ့ယောကျ်ားဟောင်းရဲ့လက်ကိုတွဲပြီးထွက်လာခဲ့ပြီး ကုမ္ပဏီအရှေ့မှာရပ်နေတဲ့သူ့ကိုတွေ့တာတောင် မျက်နှာတစ်ချက်မပျက် အပြုံးတစ်ချက်မပျက်ခဲ့သည့်အပြင် သူ့ကိုတောင်လေကဲ့သို့သဘောထားကာ အရှေ့ကနေမသိကျေးကျွန်ပြုသွားခဲ့သည် ။

|| REBIRTH FOR YOU ||Kde žijí příběhy. Začni objevovat