ကလောမြေရဲ့ည

Comincia dall'inizio
                                    

" အေးတယ်လေ လက်ကို အပြင်မထုတ်နဲ့တော့  "

အရုဏ်ဦးရဲ့လက်တွေ အေးနေမည်ကို စိုးသည်ကတစ်ကြောင်း သူကိုယ်တိုင် ထိတွေ့ဆုပ်ကိုင်ထားလိုသည့်စိတ်ကလည်း ပါပေသည်။ လက်စွပ်ဝတ်ထားသည့် နေရာမှစကာ လက်ချောင်းလေးတွေကို အကုန်လုံးကို ခပ်ဖွဖွနမ်းရှိုက်မိတော့ အရုဏ်ဦးက သူ့ကို မော့ကြည့်လာသည်။

ဝိုင်အရှိန်ကြောင့် ခပ်နီနီပါးပြင်နဲ့ နားရွက်တွေ၊ ရီဝေဝေဖြစ်နေသည့်မျက်လုံး၊ ပြီးတော့ ဝိုင်နှင့်ထိတွေ့ထားသဖြင့် စိုစွတ်နေသည့် နှုတ်ခမ်းတို့ဟာ သူ့ရင်ခုန်သံကို ချုပ်ထိန်းမရဖြစ်စေခဲ့သည်။ အေးစိမ့်စိမ့်ရာသီဥတုမှာပင် သူ့မှာ ပူလောင်လာခဲ့ရသည်။ နီနီရဲရဲပါးပြင်လေးကို လက်ဖြင့်အသာ ပွတ်သပ်မိတော့ အရုဏ်ဦးဟာ ကြောင်လေးတစ်ကောင်နှယ် သူ့ကို ပွတ်သပ်လာတော့သည်။ ပါးပြင်မှာတစ်ဆင့် နှုတ်ခမ်း တွေပေါ်ကို သူ့လက်ဖျားက ရောက်ရှိသွားချိန်မှာတော့ အရုဏ်ဦးက နှုတ်ခမ်းပါးနှစ်ခုဖြင့် ဖိညှပ်လိုက်လေတော့ စုတ်သပ်ကာ ခေါင်းရမ်းမိတော့သည်။

" အရုဏ်.... မောင့်ကို မြူဆွယ်နေတာလား "

သူ့စကားကိုကြားတော့ အရုဏ်ဦးက မထီတရီပြုံးသည်။ မှီတွယ်နေရာမှ ကိုယ်ကိုမတ်လိုက်ကာ  သူ့မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ကိုင်လာရင်း ပြောသည်။

" မြူဆွယ်စရာရော လိုသေးလို့လား.... မင်းအကြောင်း ငါမသိရင်ခက်မယ်  ... ဒီတစ်ညပဲနော်  "

သူ့နှာခေါင်းကို ဆွဲညှစ်ကာပြောနေချိန်၊ သူ့လက်တွေကတော့ အရုဏ်ဦး တစ်ကိုယ်လုံးကို သိမ်းကြုံးပွေ့ဖက်ထားချေခဲ့ပြီ။ အရုဏ်ဦးက သူ့အပေါ်မှာ ခွထိုင်လျက်သားအနေအထားဖြင့် မှီတွယ်သည့်ပုံစံဖြစ်နေခဲ့သည်။ 

" အရုဏ်...  "

" ဟင်  "

" ချစ်တယ်  "

သူ့စကားကိုကြားတော့ အရုဏ်ဦးက ပြုံးကာ အနမ်းတစ်ပွင့်ကို ခပ်ဖွဖွကလေး ပေးလာခဲ့သည်။ ပြီးနောက် သူ့မျက်နှာအနှံ့ ဖြည်းဖြည်းချင်း ဖွဖွကလေး နမ်းနေခဲ့ကာ အဆုံးသတ်မှာ တော့ သူ့လည်ပင်းနား တစ်ချက်ထိရင်း မှီချလာတော့သည်။

မောင့်ချယ်ရီ ဝေသောမြေ (Emergency Love Story)-Completed Dove le storie prendono vita. Scoprilo ora