*ဖြန်း
"...နောက်တစ်ခါလက်ဝှေ့ပွဲ သွားကြည့်ဦးမှာလား..."
"...ကြည့်ဦးမှာပါဘုရား...."
"...ဘာ...."
*ဖြန်း
ကိုရင်စန္ဒောကြောက်အားလန့်အားနှင့်ဖြေမိရာ ဦးခေမာဒေါသကိုဆွပေးသလိုဖြစ်သွားပြီး ကြိမ်တစ်ချက်က တင်ပါး
ပေါ်ထပ်ရောက်လာပြန်သည်။"...မကြည့်....မကြည့်တော့ပါဘူးဘုရား..."
ဆရာတော့်ရိုက်ချက်ကိုကိုရင်စန္ဒော ကျောကော့နေအောင်ခံရပါသည်။ဘယ်ကိုရင်မှလည်း ဝင်မဆွဲရဲပေ။ကျောင်းက ကိုရင်တွေသာမက တစ်ရွာလုံးကပါ ဖိန့်ဖိန့်တုန်အောင်ကြောက်ရသည့် ဆရာတော်မဟုတ်လား။
ကိုရင်စန္ဒောအဖို့ အရိုက်ခံရတယ်ဆိုတာ ရိုးနေပါပြီ။ရွာဦးကျောင်းဆရာတော်လည်းဖြစ်သလို သူ့ရဲ့ဦးကြီးလည်းတော်သည့် ဆရာတော်ဦးခေမာ
ဟာ သူ့ကို ၇ နှစ်သားအရွယ် ကိုရင်ဘဝကတည်းက ကျွေးမွေးစောင့်ရှောက်ပေးခဲ့သည်။ဆရာတော့်ကို ချစ်လည်းချစ်သလို ကြောက်လည်းကြောက်ပါ၏။ဒါပေမဲ့ လက်ဝှေ့ပွဲဆိုလျှင် မကြည့်ရမနေနိုင်သည့်သူ့စိတ်ကြောင့် သွားကြည့်သည်။ကြည့်တိုင်းလည်း အရိုက်ခံရသည်။အရိုက်ခံရလည်း စန္ဒောဆိုသည့်သူက အမှတ်သည်းခြေမရှိ။
💮💮💮💮💮💮💮💮💮💮💮💮
ဦးဇင်းစန္ဒော မယ်တော့်အိမ်ရှေ့ကွပ်ပျစ်မှာထိုင်ရင်း မျက်နှာကမှုန်သုန်နေသည်။
"အမေ့...ဦးဇင်းလူထွက်ချင်တယ်..."
ပဲပြာနေသည့်ဒေါ်ချောအိမ်လက်တွေတွန့်သွားသည်။အံ့ဩတကြီးနှင့် သားမောင်ဦးဇင်းကို ကြည့်လိုက်၏။
"...ဘယ်လိုဖြစ်ရတာလဲ ဦးဇင်းရယ်...မနှစ်ကမှ ရဟန်းခံပေးထားတဲ့ဥစ္စာ..နှစ်နှစ်တန်သည် သုံးနှစ်တန်သည် နေပါဦးလား..."
"မနှစ်ကလည်း တစ်နှစ်တန်သည် နှစ်နှစ်တန်သည်နဲ့...မယ်တော်တို့က နှစ်ကိုတိုးတိုးသွားတယ်...ဦးဇင်းမပျော်ဘူးဗျ.."
ဒေါ်ချောအိမ် သူမရှေ့မှာရှိနေသည့်သားတော်ဦးဇင်းကိုငေးစိုက်ကြည့်နေသည်။သက်တော် ၂၁ နှစ်ရှိနေပြီ။အခုချိန်ထိ ကလေးလိုမျိုး ဆိုးချင်သေး၏။မျက်နှာက လိုတာမရသည့်ကလေးတစ်ယောက်လိုမျိုးစူပုပ်နေသည်။ဒေါ်ချောအိမ် သက်ပြင်းကိုကျိတ်ချလိုက်သည်။ဦးဇင်းဘဝနှင့်ဒီလောက်ဆွဲထားနိုင်တာကိုပဲ တော်လှပါပြီလေ။
أنت تقرأ
ကိုလူချောရဲ့ ပင်တိုင်စံ(Complete) (ကိုလူေခ်ာရဲ႕ ပင္တိုင္စံ )
خيال (فانتازيا)"..ဒီမှာ ကိုလူချော..." "..ဗျာ..." "..ကျွတ်...အဲ့ဒီလိုခေါ်ပြန်ရင်လည်း ဦးလေးကြီးနာမည်က တင်စီးလိုက်တာ..စံမကြိုက်ပါဘူး..." "ကို.ဖြုတ်ပြီးခေါ်.." "ဟင်.. အတူတူပဲလေ...တော်ပြီတော်ပြီ..ကိုကြီးလို့ခေါ်မယ်...."
Part 1
ابدأ من البداية