အပိုင်း-၃၀

Start from the beginning
                                    

"အဲရစ်... ‌ကုန်းအောက်က ဆေးရုံကိုမောင်းမယ်"

ကောင်လေးဘေးဝင်ထိုင်ရန်ပြင်ပေမဲ့ နောက်မှဆွဲဆောင့်တာခံလိုက်ရသည်။ အဲရစ်က သိမ်းငှက်တစ်ကောင်ကို စူးစိုက်ကြည့်ရင်း ခေါင်းကိုယမ်းပြ၏။နိုင်ဝေနားမလည်နိုင်။ ရှင်းနောင်က ပျက်ယွင်းနေသော မျက်နှာကို ငုံ့လျက် "ဆေးရုံသွားရင် သူ တရားရင်ဆိုင်ရလိမ့်မယ် ဒေါက်တာ" ဟုဆိုလာသည်။

"စောက်ရူးတစ်ကောင်က သူ့ကိုဆေးခပ်လိုက်တာ။ ကံကောင်းလို့ ထုတ်လာနိုင်ပေမဲ့ သူထောင်ထဲဝင်ရလို့မဖြစ်ဘူး။ အကုန်သဲထဲရေသွန်ဖြစ်နေမှာ"

အလုပ်တွေများလို့ဆိုကာ ပြန်သွားတဲ့ကလေးက ဘာကြောင့်များ ဆေးခပ်ခံရတဲ့အထိ....။

"အင်းဟင့်.. ဟင်း ပူ ပူတယ်"

ညည်းသံထွက်လာသည့်အခါ ခေါင်းကို ကားထဲသို့ပြန်ငုံ့လိုက်ရသည်။ မီးရောက်မှိန်မှိန်အောက်မှာ မြင်ရသည့် မျက်နှာပေါ်က အညိုမဲကွက်တွေက ရစရာမရှိ။

"ခင်ဗျားကယ်မှာလား သူ့ကိုထောင်ထဲပို့မလား"

"သူ သူမတရားခံရတာပဲကို" နိုင်ဝေ့အသံတွေတုန်နေသည်။ သူ ဘယ်လိုလုပ်ပြီး ဒီလိုကလေးလေးကို ...တွေးကြည့်ရုံနဲ့တောင် အသည်းတစ်ခုလုံးနာ၏။

"တောက်!! စောက်ချိန်တွေကုန်တယ်ကွာ"

"အဲရစ် မင်း စိတ်ကိုလျှော့ဦး!!"

အဲရစ်က အော်ဟစ်ကာ ကားတာယာကို ဆောင့်ကန်သည်။ ရှင်းနောင်က ထိုသောင်းကျန်နေသူကိုထိန်းရင်း အာရုံများနေဟန်တူသည့် ဒေါက်တာ့ကိုလည်းနားချဖို့လုပ်ရ၏။ဒီတိုင်းသွားလို့တော့မဖြစ်။ ကားထဲကလူက ကားပေါ်မှာ သူ့ကိုယ်သူတော်တော်လေးထိန်းလာရရှာသည်မို့လား။ သူ့ ရည်းစားကိုမြင်မှ ငိုယိုပြီးအော်ညည်းနေတာမို့ ဘေးက ရှင်းနောင်ပင် သနားလာသည်။

"ဒေါ်သက်သင်းခိုင်တို့ စနက်မို့ပါ ဒေါက်တာ။ ဒီနယ်တစ်ဝိုက်မှာ သူ့လူကိုယ့်လူရယ်လို့ ကျွန်တော်တို့ခွဲနိုင်ပါဦးမလား။ တစ်ခုခုဆို သူ ကြိုးစားခဲ့ရသမျှ အကုန်ရေစုန်မြောသွားမှာမို့ပါ"

နှုတ်ခမ်းကို ပြတ်ထွက်မတတ်ကိုက်ရင်း လက်သီးတို့ကို တင်းတင်းဆုပ်ထားမိသည့်နိုင်ဝေ။ သူ့သက်တမ်းတစ်လျှောက်လုံးမှာ မဖြစ်သင့်တာတွေမဖြစ်အောင် ကြိုးစားနေခဲ့သလောက် မဖြစ်ချင်ဆုံးတွေပဲဖြစ်ရသည်။

ချစ်သူ့လက်နဲ့ရေးတဲ့ ကျွန်တော့်ရဲ့နှလုံးသား အနဂ္ဂကဗျာ(COMPLETED)Where stories live. Discover now