ရှောင်းကျန့် စကားတွေကြောင့် ရိပေါ်ရဲ့ လေသံက ပုံမှန်ထက် မာတင်းသွားသည် ပြီးတော့ ကုတင်ပေါ်က ထပြီး အဝတ်အစား ဝတ်သည် ပြီးတော့ ခုံပေါ်မှာ ရှိတဲ့ ဆေးလိပ့်ဗူးကိုယူကာ အထဲက စီးကရက် တစ်လိပ့်ကို ယူပြီး မီးညှိသည် ။

တစ်ချက် ရှိုက်ထုတ်ပြီး ခပ်ပြင်းပြင်းလေး သောက်သည် မှုတ်ထုတ်လိုက်တဲ့ ဆေးလိပ် ငွေ့တွေကို မြင်တော့ ...

"ဆေးလိပ်ငွေ့တွေကို ကိုယ်ဖမ်းဆုပ်ထားလို့မရပေမယ့် မင်းကိုတော့ ကိုယ်အမိအရ ဖမ်းဆုပ်ထားမှာ ဘေဘီ မင်း ငြင်းဆန်နေရင်တောင်ပေါ့..."

ရိပေါ်ဟာ ဆေးလိပ်တိုကို ခွက်ထဲ နစ်ချခဲ့ပြီး အခန်းအပြင်ကို ထွက်သွားသည် ကုတင်ပေါ်က ကောင်လေးအတွက်တော့ ဘာစကားမှ မချန်ခဲ့ ... တံခါးပိတ်သံ ခပ်ပြင်းပြင်းကြောင့် ကုတင်ပေါ်က ကောင်လေးမှာ အသားလေးပင် တုန်သွားသည် ။

"ဦးဝမ်ဝမ်ရယ် ခင်ဗျားက အတော်လေး ကိုင်တွယ်ဖို့ ခက်တဲ့လူပဲ  ကျွန်တော်ကသာ ကိုင်တွယ်ဖို့ ခက်နေတာပါ ဦးကတော့ ကျွန်တော့်ကို အလွယ်တကူပဲ ကိုင်တွယ် နိုင်တယ် ခင်ဗျားက ဘယ်လို လူများလဲ

ဒေါ်ဖေးမာန်ရင်က ရိပေါ် မိန်းမမဟုတ်လေပဲ ရိပေါ်အမဟု သိရတော့ မယုံတစ်ဝက်ယုံတစ်ဝက် ဖြစ်ခဲ့ပေမယ့်

  သူ့မိန်းမ မဟုတ်ဘူးဆိုတဲ့ ရိပေါ် အဖြေကိုတော့ ရှောင်းကျန့် သဘောကျသည် ပျော်သွားသလို ခံစားရသည် ဘာကြောင့်လဲ ဘာလို့ ပျော်သွားသလဲတော့ အကြောင်းအရင်း အတိအကိမရှိပေမယ့် သူပျော်သွားသည် ရိပေါ်မှာ မိန်းမ မရှိတာကို သူ့စိတ်ထဲမှာ ကျေနပ်မိသည်။

"ဒူ ဒူ ဒူ " မြည်လာတဲ့ ဖုန်း"

ကုတင်ဘေးမှာ ရှိနေတဲ့ ဖုန်းဟာ မြည်လာတာကို ဖုန်းကို ကြည့်လိုက်တော့ ချန်ယီဆီက ဖြစ်နေသည် ။

မကိုင်ဖို့ လုပ်ပင်မယ့် မနေနိုင်ပဲ ကိုင်လိုက်မိသည် ။

"အကိုကျန့်...

"ဟ ဟ လို...ချန် လေး...

"အကိုကျန့် ဒီနေ့ အားမလား ကျွန်တော်တို့ တစ်နေရာမှာ တွေ့လို့ရမလား....

ဦးဝမ်ဝမ်"𝑫𝒂𝒅𝒅𝒚🔞[𝑶𝒏𝒈𝒐𝒊𝒏𝒈]Opowieści tętniące życiem. Odkryj je teraz