"အကို ယီပင်း အကိုဒူချီ အကိုတို့ အကိုကျန့်ကိုတွေ့ရင် ကျွန်တော့်ကိုဖုန်းဆက်ပါနော် ဒါက ကျွန်တော့် ဖုန်းနံပါတ် ...

"အေးအေး ကိုယ်တို့သေချာပေါက် ရှာကြည့်ပါ့မယ် ..

"ဟုတ်ကဲ့ ကျွန်တော်လဲ ပါးပါးကိုကူရှာခိုင်းပါ့မယ် ...

ချန်ယီက သူ့ဖုန်းနံပါတ် ယီပင်းဆီပေးလိုက်ပြီး အိမ်က လာကြိုတဲ့ ကားနဲ့ ပြန်လိုက်သွားသည်။

"ပါးပါး ပြန်ရောက်ပြီလား...

"မရောက်သေးဘူး သခင်လေး အလုပ်ကိစ္စတွေမပြီးသေးလို့ထင်တယ်...

"အော်...

ချန်ယီ အိမ်ရောက်သည်နဲ့ အိမ်မှာရှိတဲ့ သူ့ပါးပါး လူယုံတွေကို ခေါ်ကာ ရှောင်းကျန့် နာမည်နဲ့ ရှောင်းကျန့် အရပ်အမောင်း စတဲ့အရာတွေပြောပြပြီး ကူရှာပေးဖို့  အကူအညီ တောင်းလိုက်သည်၊

ထိုလူတွေက သူ့ပါးပါးရဲ့ လူယုံတွေဖြစ်သလို အရမ်းအားကိုးရတဲ့ လူတွေမို့ သေချာပေါက် ရှာတွေ့နိုင်သည် ။

_______________________

"Boss ရောက်လာပြီလား....

"အင်း...

"အထဲဝင်ပါ Boss....

မန်နေဂျာ ဟာ ခေါင်းညွန့်လို့ သူ့Bossကို ကောင်လေး ရှိတဲ့ နေရာ လိုက်ပို့သည် ။

"ဟင် မင်း သူ့ကို ဘာလုပ်ထားတာလဲ ...

ကောင်လေးရှိမယ့် အခန်းတံခါးကို ဖွင့်လိုက်တော့ ခုံမှာ ကြိုးနဲ့ အချီခံထားရပြီး ပါးစပ်မှာလဲ အဝတ်စနဲ့ အစို့ခံထားရသည်။

"ကောင်လေးက လိုက်ဖို့ငြင်းတာနဲ့ ကျွန်တော် လဲ ဟဲ ...

"မင်းအခုလုပ်နေတာ ရာဇဝတ်အမူ့နော် ဖြည်လိုက် အခုဖြည်လိုက် ကြိုးတွေကို ...

"ဟုတ် ဟုတ်ကဲ့ ...

  လွန်ခဲ့တဲ့ ရက်အနည်းငယ် က ရှောင်းကျန့် ကျောင်းမတက်ဖို့ ဆုံးဖြတ်လိုက်သည် ပြီးတော့ အလုပ် လုပ်ဖို့သာ တွေးလိုက်သည် ။

အခန်းငှားဖို့ဆို အရင်ဆုံး ပိုက်ဆံအရင်ရှာရမှာမို့ သူ့ရဲ့ လက်တလောအိပ်ရမယ့်နေရာကတော့ ကြွက်တွေသာ ဝင်အောင်းနေတဲ့ တံတားအောက်ကလှိုင်ဂူဖြစ်သည်။

ဦးဝမ်ဝမ်"𝑫𝒂𝒅𝒅𝒚🔞[𝑶𝒏𝒈𝒐𝒊𝒏𝒈]حيث تعيش القصص. اكتشف الآن