ဆူဘင်းအနားနေတာများသော်လည်း ကျန်တဲ့အသိတွေနဲ့လည်းအဆက်အသွယ်မပျက်တာကြောင့် ပေါက်ကရတွေလုပ်တဲ့အခါလည်းအဖော်ကရှိသည်။

ဒီနေ့မှာလည်း သူငယ်ချင်းတစ်ချို့သတင်းပေးမှုအရစီနီယာတွေရဲ့ရန်ပွဲရှိသည်ဟုသိထားတာကြောင့် သွားကြည့်ဖို့ရာအတွက်စိတ်လောနေခြင်းပေ။

ထို့ကြောင့် ဘောမ်ဂယူရဲ့တက္ကသိုလ်ဘဝဟာ စာတွေလုပ်ရတာကလွဲရင် ပျော်စရာအတိပါပဲ။

ဆူဘင်းကဘောမ်ဂယူရဲ့တက်ကြွနေပုံကိုအကြောင်းသိနေတာဖြစ်နိုင်ပေမဲ့ ဘာမှပြောမနေပဲ မနက်စာကိုသာအမြန်ဆုံးစားသည်။

ဘောမ်ဂယူကပေါက်ကရတွေလုပ်တတ်ပေမဲ့ ပြဿနာကြီးကြီးမားမားမရှိခဲ့ဖူးဘူးလေ။ ပျော်ပျော်နေတတ်တဲ့သဘောဆိုတာလည်း ချွဲဆူဘင်းကသဘောပေါက်နေခဲ့ပါသည်။

သူတို့နှစ်ယောက်မနက်စာစားပြီး လိုအပ်တာတွေယူကာ ဆူဘင်းကားဖြင့် ကျောင်းသို့ထွက်လာခဲ့ကြသည်။

ပထမဆုံးအတန်းမတက်ခင် ဆူဘင်းကစာကြည့်တိုက်ကိုသွားမှာဖြစ်ပြီး သူကတော့သူငယ်ချင်းတွေနဲ့ရန်ပွဲသွားကြည့်မှာဖြစ်သည်။

သူကကိုယ်တိုင်တော့ရန်မဖြစ်ပါဘူး။ ဖြစ်လည်းမဖြစ်တတ်ဘူးလေ။ ဒီတိုင်း အတွေ့အကြုံရအောင်သွားကြည့်ပြီး တစ်ခါတစ်ခါတော့ဟိုဘက်ဒီဘက်အတွက်နည်းနည်းထပ်ပြီးရန်တိုက်ပေးခဲ့ပါသေးတယ်။

ဒါကလည်း အားလုံးမပျင်းရစေဖို့ စေတနာသက်သက်သာ။ ချွဲဘောမ်ဂယူကအဲ့လိုလူကောင်းလေးတစ်ယောက်ပင်။

အဲ့တော့ စီစဉ်ထားသည့်အတိုင်း ဆူဘင်းနဲ့သူ ကားပေါ်မှဆင်းကာလမ်းခွဲဖို့ပြင်စဉ် ‌ဂျန်ဆိုရာအမည်ရှိသည့် သူငယ်ချင်းမလေးကဘောမ်ဂယူတို့အနားပြေးလာသည်။

" ရား ဒီနေ့အတွက်ငါ့မှာသတင်းထူးရှိတယ် "

ဆူဘင်းကခဏတော့ရပ်နေပေမဲ့ ဆိုရာနဲ့လည်းမေးထူးခေါ်ပြောအဆင့်တင်မို့ ထွက်သွားဟန်ပြင်တော့သည်။

ဆိုရာကလည်းဆူဘင်းအနားကနေထွက်သွားတာကိုဘာမှမပြော။ ချွဲဆူဘင်းရဲ့ပုံစံဟာအမြဲဒီ‌လိုပဲမို့သူတို့နားလည်နေခဲ့ကြပြီ။

𝑳𝒐𝒗𝒆 𝒑𝒐𝒆𝒎Where stories live. Discover now