"သဒ္ဒါ..နင်တစ်ယောက်ထဲလား"

"အေး...ခဏ"

လင်းခေးကိုပြောစရာရှိတာမပြောခင် အိမ်ရှေ့မှာနွားစာပြန်စဥ်းနေတဲ့မေမိုးကို နှင်းသဒ္ဒါအရင်အကဲခတ်ရသေးသည်။မေမိုးသူမအလုပ်သူမအာရုံရောက်နေပြီး အိမ်ထဲဝင်မလာပုံပေါ်မှ.....

"ငါလူရိုးနဲ့တွေ့ချင်တယ် လင်းခေး"

"သူနဲ့ချိန်းထားလို့လား"

"ဟင့်အင်း...သူငါ့ကိုအဆက်အသွယ်မလုပ်တာကြာပြီ။ငါသူနဲ့တွေ့မှဖြစ်မှာ...သူ့အိမ်မှာတော့သူရှိမှာပါဟာ နင်လိုက်ခဲ့ပေးပါလား"

"နင်လည်းငါတို့နှစ်ယောက်အကြောင်းသိရဲ့သားနဲ့ဟာ"

"ငါ့ကိုကူညီပါလင်းခေးရယ်...ငါတစ်ယောက်ထဲသူ့အိမ်သွားပြီးခေါ်လို့မသင့်လို့ပါ"

သူမပြောတာလည်းအဓိပ္ပာယ်ရှိသည်။ဘယ်လောက်ဘဲသူငယ်ချင်းတွေချစ်သူတွေဆိုထား အများအမြင်မှာတော့ယောကျာ်းလေးအိမ်ကိုတစ်ယောက်ထဲသွားမေးလို့ မိန်းကလေးတန်မဲ့မသင့်ချေ။ပိုဆိုးသည်ကနှင်းသဒ္ဒါကသည်ရွာကမဟုတ်ဘဲ တစ်ရွာသူမို့ပိုဆိုးသည်။လင်းခေး လူရိုးနဲ့အဆင်မပြေတာမှန်ပေမဲ့ နှင်းသဒ္ဒါသိက္ခာကိုလည်းသူငယ်ချင်းတစ်ယောက်အနေနဲအပြည့်အဝကာကွယ်ဖို့ သူ့မှာတာဝန်ရှိသည်။မလွှဲသာသည့်ကိစ္စမို့ သူမနဲ့လိုက်ခဲ့ဖို့သာ လင်းခေးခေါင်းငြိမ့်သဘောတူမိသွားသည်။

လင်းခေးတို့နှစ်ယောက် အိမ်ထဲကထွက်လာသည်အထိ မေမိုးနွားစာစဥ်းလို့မပြီးသေးတာကြောင့် ရွာထဲမသွားမီသူမသိစေရန် လင်းခေးအသံသာလှမ်းပြုလိုက်၏။

"ကျွန်တော်တို့ရွာထဲသွားလိုက်အုံးမယ် မမမိုး"

"အေးအေး....သဒ္ဒါ့ကိုမပြန်ခင်ထမင်းစားဖို့ခေါ်ခဲ့အုံးနော်"

"ဟုတ်ကဲ့"

ရွာလယ်လမ်းအတိုင်းနှစ်ယောက်သားလျှောက်လာကြရာဝယ် လူရိုးတို့အိမ်နဲ့ပိုပြီးနီးကပ်လာသည်နှင့်အမျှ နှင်းသဒ္ဒါလည်းစိတ်လှုပ်ရှားနေခဲ့သည်။ကိုယ့်ချစ်သူကိုယ်တွေ့ဖို့လာသည့်အရေး အရင်ကဆိုလျှင်သူမသည်လောက်စိတ်မလှုပ်ရှားဖူး၊အခုကအမျိုးမျိူးပြောင်းလဲသွားကြသည့်အခြေအနေတွေကြောင့်ကော လူရိုးနဲ့တွေ့မှတွေ့ရပါ့မလားဆိုသည့်စိတ်တွေကြောင့် ပိုပြီးစိတ်လှုပ်ရှားနေတာလဲပါသည်။

တပင်တိုင်Hikayelerin yaşadığı yer. Şimdi keşfedin