Part_5(မင်းသားရှောင်းကိုကာကွယ်ရမယ်)

Start from the beginning
                                    

"ဝမ်ဝမ် သူတို့ကငါ့ကိုဆိုဒါကြီးပဲကျွေးတာ ပြီးတော့မကုန်ရင်လည်းအပြစ်ပေးသေးတယ် ငါကကျင်းလင်ယူလာပေးတဲ့ဖက်ထုပ်လိုမျိုးအရသာရှိတဲ့ဟာတွေပဲစားချင်တာပါဆို အဲ့အရူးမကြီးပေါ့ ငါ့ကိုဒါပဲကျွေးတာ"
အခြေအနေကတော်တော်ကိုဆိုးနေတာပဲ
သူသက်ပြင်းအသာချလို့

"ကျိရန် ဒါတွေကိုသွန်ပစ်လိုက်"

"အမ်"
သူ့စကားကိုကျိရန်မှတစ်ခဏမျှကြောင်သွားဟန်
သို့ပေမဲ့ချက်ချင်းပင်ထမင်းပန်းကန်အားယူသွားမယ်လုပ်တော့

"ခဏ ခဏ ကြင်ယာတော်ဒါမစားရင်မင်းသားကဘာစားရမှာလဲ"
ကျင်းလင်မှမင်းသားရှောင်းအားစိတ်ပူနေဟန် ထမင်းပန်းကန်အားသွန်ပစ်ဖို့ရာတွန့်ဆုတ်နေပုံ

"ကျင်းလင် မင်းသားရှောင်းကိုဒီထဲကမထွက်စေနဲ့ ငါပြန်လာခဲ့မယ် ကျိရန်အဲ့တာတွေကိုသွားသွန်ပစ် ဘယ်သူမှမမြင်စေနဲ့"

"ဟုတ်ကဲ့ကြင်ယာတော်"
ကျိရန်မှသူပြောပြီးသည်နှင့်ချက်ချင်းထွက်သွားသည်
ကျင်းလင်ကိုစိတ်မပူစေရန်ပခုံးတစ်ချက်ပုတ်လို့သူထွက်လာလိုက်သည်

ကျင်းလင်မင်းသားရှောင်းကိုသနားမိသည်
သူနဲ့မင်းသားရှောင်းကငယ်ငယ်တည်းကခင်ခဲ့ကြတာ မင်းသားရှောင်းဒီလိုဖြစ်သွားတဲ့အချိန်သူလုံးဝမယုံနိုင်ခဲ့ သူဟာကျန်းအိမ်တော်ရဲ့သခင်လေးတစ်ယောက် ကျန်းစစ်သူကြီးရဲ့မျိုးဆက် ဒါပေမဲ့သူဒီမှာလာပြီးမင်းသားရှောင်းရဲ့အထိန်းတော်လုပ်နေခဲ့တယ်ဆိုတာက သေချာပေါက်မင်းသားရှောင်းအခုလိုဖြစ်ရတဲ့အကြောင်းအရင်းကိုစုံစမ်းနိုင်ဖို့
မင်းသားမှာသူတစ်ယောက်ပဲရှိတာ မင်းသားရှောင်းကိုသူကာကွယ်ရမည်
သူတတ်နိုင်သလောက်ကိုကာကွယ်သွားမှာ

...

ရိပေါ် ခြေထောက်ကိုစက်တပ်ထားသလိုခြေလှမ်းကျဲကြီးဖြင့်လျှောက်လာခဲ့သည်
မနက်ခင်းတွင်သူ့အလုပ်ကိုယ့်အလုပ်မအားကြသည့်နန်းတွင်းသူတွေထဲမှတစ်ချို့ကတော့သူ့အားကွက်ကြည့်ကွက်ကြည့်ဖြင့်
သူဂရုမစိုက်ပါပဲ လျှောက်လာခဲ့တာ သူ့ခြေလှမ်းတွေကိုရပ်လိုက်မိတဲ့နေရာက

Consort of the crazy prince(မင်းသားရူးရဲ့ကြင်ယာတော်)(Complete)Where stories live. Discover now