ဇက်ကတော့ ကြားဖူးသလိုရှိသည့်အသံကြောင့်ထွက်ကာကြည့်လိုက်တော့ ခြယ်ဆိုသည့်ကလေးမဖြစ်နေသည် 'သူကဒီကိုဘာလာလုပ်တာလဲဟ ဘယ်လိုကောင်မလေးမျိုးလဲ'
စဥ်းစားနေတုန်း သူရဝင်လာကာ
"ဇက် အက်ကလေးမကချစ်စရာလေးနော် body လဲမိုက်တယ်"
"အေး ဘာ!!!! bodyက ဘယ်လိုမိုက်"
"ခန္ဓာကိုယ်လှတယ်ပြောတာလေကွာ လန့်တာဆိုတာ"

ခနနေတော့ ခန့်ဆင်းလာခဲ့သည် လက်ထဲမာ သော့ချိတ်ဆင်တူလေးနှစ်ခု kuromi လေးနဲ့ pochacco fancy သော့ချိတ်လေးတွေ

ဇက်အသေချာမြင်လိုက်ရတာတခုက အက်ကလေးမက သော့ချိတ်လေးတွေကိုမြင်ပြီးမျက်လုံးအရောင်လက်သွားတာဖြစ်သည် ဘာကြောင့်လဲကွာ

ခြယ်တယောက်မျက်လုံးပြူးထွက်မတတ်ကြည့်နေသည်
"ရော့ ခြယ့်အတွက် kuromi ခန့်က pochacco လေးယူလိုက်မယ်"
"ရားးးခန့်ကခုထိချစ်စရာကောင်းနေတုန်းပဲ ခြယ့်အကြိုက်လေးတွေ အဟီး "
"ဟုတ်ပါပီ လွ့ယ်အိတ်မှာချိတ်ထားလိုက်နော်"
"ပြီးပြီ" ပြောလို့တောင်မဆုံးသေး သူ့လွယ်အိတ်မှာသော့ချိတ်ကရောက်ရှိနေပြီးသား
"ဟုတ်ပါပြီဗျ ပြန်တော့မလား လိုက်ပို့ပေးရမလား"
"ရတယ် လမ်းလျှောက်ချင်လို့ တာ့တာ ခန့်"
ခြယ်နှုတ်ဆက်ပြီး အိမ်ပြန်လေတော့သည်

ဇက်တို့နှစ်ယောက်လဲဘာဖြစ်သွားမှန်းမသိ မတ်တတ်ကြီးတွေရပ်ကြည့်နေကြ
"အော် အကို အက်တာလေ ကျွန်တော့crush ဟဲ"
"ဟိုကငြင်းတယ်မလား ရပြီ တော်တော့်"
"သူရ အက်တာမင်းညီလား"
"အေး ဟုတ်တယ်ကွာ ဒီမနက်မှရောက်လာတာ မင်းကိုပြောဖို့မေ့နေလို့"
"နောက်တခါငါ့ကိုသံတော်ဦးတင်ဖို့မမေ့နဲ့ ငါလဲပြန်ပြီ မီးဖိုချောင်ကိစ္စမင်းဘာမင်းဆက်ရှင်း" ဟုဆိုကာ ဘောင်းဘီအိပ်ကတ်ထဲမှကားသော့ကိုထုတ်ပြီး လက်မှာလှည့်ကာထွက်သွားတော့သည်

"အကို အက်တာအကို့သူငယ်ချင်းလား"
"အေး မင်းကရော ခုဘာလုပ်မာလဲ"
"ရေချိုးမယ် ပြီးရင်ဓာတ်ပုံသွားကူးမလို့"
"ဟုတ်ပီ ရေပူရေအေးစပ်တတ်တယ်မလား သွားချိုးတော့"

ခြယ်အိမ်ပြန်ရောက်တေ့ မေနဲ့ဖေက ဧည့်ခန်းထဲမာထိုင်နေကြသည်
"ပြန်ရောက်ပြီလား သမီးခြယ်"
"ဟုတ်ကဲ့ ဖေ ခန့်ကသော့ချိတ်ပေးနေလို့နောက်ကျသွားတာ ဟဲ"
"ကဲ သမီးရေသွားချိုးတော့ ပြီးရင် မေတို့ညစျေးလျှောက်မယ်"
"ဟယ် မေတို့ဖေတို့က ထူးထူးဆန်းဆန်းပါလားနော် ဘာတွေများအစီအစဥ်ရှိလို့လဲ"
"ချိုးမာပါချိုးစမ်းပါ မမိခြယ်ရယ်"
"ဟုတ်ပါပြီ ဒေါ်မေယွန်းမြတ်ကြီးရယ် ချိုးပီ"
"ဟားဟား ငါ့သမီးကတကယ်မလွယ်ပါလား"
"ရှင်ကလဲနော် ကျွန်မလဲမွေးထားတာကို"
"ဟုတ်ပါပြီ ဒေါ်မေယွန်းမြတ်ကြီးရယ် ဟားဟား"

School love property <3Unde poveștirile trăiesc. Descoperă acum