ငါ့ကိုအလိုလိုက်လွန်းတဲ့ဇနီးချောလေး

Ξεκινήστε από την αρχή
                                    

အကိုကြီး ညီမတို့ မျိုးဆက်မှာ ဘယ္သူက အထူးချွန်ဆုံးလဲ အဲ့ဒါ ညီမပဲလေ.. ညီမပဲ ညီမက အားလုံးထဲမွာ အသာဆုံးနဲ့ အတော်ဆုံးပဲ ပြီးတော့ ညီမတို့ရဲ့အေဖကလဲ ကုမိသားစုထဲမွာ သားအကြီးဆုံးပဲမဟုတ်လား အဲ့ဒါကြောင့် အဖိုးကျိက အထူးချွန်ဆုံးဖြစ်တဲ့သူကို ကျိယန်ကိုကူညီနိုင်အောင်လို့ ရွေးချယ်မှာပဲလေ ညီမတစ်ယောက်တည်းကသာ ကျိယန်အတွက် အသင့်တော်ဆုံးသူပဲ .. အဖိုးကျိကလဲအဆိုးဆုံးတွေထဲက အကောင်းဆုံးကိုပဲ ရွေးမှာမဟုတ်လား

နင် သူမ အရမ်းကိုယုံကြည်မှုလွန်ကဲနေတာလား ဒါမှမဟုတ် စိတ်ကြီးဝင်နေတာလားဆိုတာ ကုကျန်းအန် မသိတော့ပေ။

ဟုတ်တယ် နင်က စွမ်းဆောင်ရည်ပိုင်း၊ ပညာရေး ၊ အလုပ်အကိုင်တွေ အားလုံးမွာ အရမ်းကိုထူးချွန်နေပြီးသား ဒါပေမယ့် နင့်ရဲ့အကျင့်စရိုက်နဲ့ ပတ်သတ်လာရင်တော့ နင်က ကျိယန်အတွက် အကောင်းဆုံးသူ မဟုတ္ဘူး အဖိုးကျိက ကျိယန်ကို ဂရုစိုက်ပေးနိုင်မယ် နူးညံသိမ်မွေ့တဲ့ မြေးချေွးမကို အမြဲလိုချင်ခဲ့တာ နားလည်ပေးတတ်တဲ့ ဇနီးမွသာ သူ့ကိုဂရုစိုက်ပြီးချစ်ပေးနိုင်မှာ အဖိုးကျိက နင့်ကိုဘယ်တုန်းကမှ အဲ့နေရာအတွက် မစဉ်းစားဖူးဘူး

ကုယန်ရန် သူ့အကိုကို မယုံပေ

အဲ့ဒါ မဟုတ္ဘူး အကို အကိုက ညီမကို လိမ်နေတာပဲ

သူ့စကားတွေကို သူမ မယုံတာမြင်ရတဲ့အတွက် သူ့မှာရွေးချယ်စရာမရှိတော့ပေ

ဒါဆို ငါရှင်းရှင်းလင်းလင်းပြောမယ် အဖိုးကျိ မြေးချေွးမအဖြစ်လိုချင်နေခဲ့တဲ့သူက တတိယဉီးလေးရဲ့ သမီး ယိရိ ပဲ... သူက အစကတည်းက နင့်ကိုလုံးဝမစဉ်းစားခဲ့တာ

ချက်ချင်းပဲ ကုယန်ရန်က အေးခဲသွားခါ သူမခေါင်းကိုစွတ်ယမ်းနေတော့တယ်

မဟုတ္ဘူး အဲ့ဒါ အမွန္မဟုတ္ဘူး ကုယိရိ က သာမန်မူကြိုဆရာမ တစ်ယောက်ပဲ သူမ ရဲ့ ပညာရေး၊ ရုပ်ရည် နဲ့ လစာတွေ အားလုံးက ညီမထက်ဆိုးရွားနေတာ သူမက လူကြားထဲမှာတောင် စကားကောင်းကောင်းပြောနိုင်တာ မဟုတ္ဘူး အဖိုးကျိက သူမကို သင့်တော်တယ်လို့ ဘယ်လိုတွေးနိုင်ရတာလဲ

ငါ့ကိုအလိုလိုက်လွန်းတဲ့ဇနီးချောလေးΌπου ζουν οι ιστορίες. Ανακάλυψε τώρα