"အင်းပေါ့...ကိုကို့အတွက်မဟုတ်လို့ ဘယ်သူ့အတွက်လုပ်ပေးရမှာလဲ..."

"ommပါ..ဟုတ်ပါပြီ...ဒါနဲ့ ဟင်းချက်ရတာ အဆင်ပြေရဲ့လားငယ်ရဲ့...နာနေသေးလားဟင်...."

ရှောင်းကျန့်ရဲ့အမေးကြောင့် ရိပေါ်မှာအငွေ့ပြန်ချင်သွားတယ်
မနက်စောစောစီးစီး ချက်တဲ့ပြုတ်တဲ့နေရာမှာ ဒီအကြောင်းမေးစရာလား...

"အမ်...အဟမ်း...မ..မနာပါဘူး...ရတယ်....အဆင်ပြေတယ်..."

"ဟာဟားး...ဘာရှက်စရာလိုလဲငယ်ရဲ့...ကိုကိုကဒီအတိုင်းအကောင်းမေးတာကို...ဒါဆိုညကကိုကိုငယ့်စိတ်တိုင်းကျလုပ်ပေးထားတယ်ထင်တယ်ဟုတ်တယ်မို့လား..."

ရှောင်းကျန့်ရဲ့စပ်ဖြီးဖြီးပြောစကားကြောင့် ရိပေါ်မှာပိုပြီးရှက်ရပါတော့တယ်
ဒီလူပြောမရဆိုမရပါလားနော်

"အာ..ကိိုကိုနော်..စားတဲ့သောက်တဲ့နားကို ဘာတွေပြောနေတာလဲ...."

ရိပေါ်ကသိပ်ကိုအရှက်အသည်းကြီးတာပထမဆုံးအခါလဲမဟုတ်ပဲနဲ့ကို အဟင်း...
ရှောင်းကျန့် နီမြန်းနေတဲ့ရိပေါ်ရဲ့မျက်နှာလေးကို တစ်ချက်နမ်းလိုက်တယ်
ဒါကိုလဲကောင်လေးက စိတ်တိုင်းမကျဟန်နဲ့ ဆူပုတ်ပြီးရန်လုပ်ပါသေးတယ်

A/N: မနက်ခင်းတေးသံသာလေးပေါ့နော် အဟိ..

"အား...ညစ်ပတ်အိုးကြီး...ရေလဲမချိုးရသေးပဲနဲ့လာနမ်းနေတယ်.... သူများရေတောင်ချိုးပြီးပြီဟာကို...ကိုကိုမျက်နှာကောသစ်ခဲ့ရဲ့လား...."

သောက်ကျိုးနည်း!!.. ရိပေါ်ပြောတော့မှ ရှောင်းကျန့်သတိရတယ်
နိုးနိုးချင်းဘေးမှာ အချစ်ကလေးမရှိတာနဲ့ ကမန်းကတန်းနဲ့ပြေးလာရှာရတာ
မျက်နှာသစ်ဖို့ကိုသတိတောင်မရခဲ့ဘူး
ရှောင်းကျန့်လဲစပ်ဖြီးဖြီးသာရယ်ပြလိုက်ပါတော့တယ်

"ဟီး..မသစ်ရသေးဘူး...ငယ်နဲ့ကိုကို လက်ထပ်ထားပြီးပြီဆိုတာကို မယုံနိုင်သေးဘူး...ခုထိအိပ်မက်လိုပဲ....နိုးနိုးချင်း ငယ့်ကိုမတွေ့တာနဲ့ ကိုကို့မှာငယ့်ကိုအပြေးအလွှားလာရှာရတာသိရဲ့လား အသည်းတုံးလေးရဲ့...."

မျက်နှာငယ်လေးနဲ့ပြောလာတာမို့ ရိပေါ်ရှောင်းကျန့်ရဲ့ပါးနှစ်ဖက်ကိုကို်င်ကာ

𝙸𝚏 𝙾𝚞𝚛 𝙻𝚘𝚟𝚎 𝙸𝚜 𝚃𝚛𝚞𝚎💛.....(Completed) Onde histórias criam vida. Descubra agora