အပိုင်း(၁၇)

Start bij het begin
                                    

'' ဒါဖြင့် ကျုပ်တို့အိမ်မှာရောက်နေတဲ့ မော်လီ ကရော။ ´´

သစ်ဦး မျက်မှောင်ကြုံကာ တွေးမိသွားလေသည်။

'' ထွန်းတောက် ခုရက်ပိုင်းထဲ ရန်ကုန်က လူတွေကို အမှာလွှတ်ပါ။ ရတနာစံအိမ်အကြောင်း စုံစမ်းပြီး စောင့်ကြည့်နေပါလို့ ။´´

'' ဟုတ်ကဲ့ပါ ဆရာ ။ ´´

>>>>>>
<<<<<<

'' အစ်မလေး ´´

'' အစ်မလေး လို့ ´´

'' ဘာဖြစ်ရပြန်ပါသလဲ ကိုထွန်းတောက်ရယ် ´´

'' အို အစ်မလေး ကလည်း ကျုပ်ဆိုရင်ကို စိတ်မရှည်ဘူး ´´

'' ရော် ခက်ပ။ လရောင် ပြန်ထူးနေတာပဲ ။ ကိုထွန်းတောက်ကြီးသာ မကြား ဘဲ နဲ့။ ´´

'' ကဲ ထားပါလေ။ အစ်မလေး စိတ်ဆိုးပြေပြီမလားဟင် ကျုပ်တို့ဆရာတပည့်ကို ´´

'' အို လရောင် စိတ်ဆိုးတယ် လို့များ ပြောမိသလားကွယ်။´´

'' အစ်မလေး စိတ်ဆိုးနေတာ ကျုပ်သိသားပဲ။ ´´

'' ကဲပါ လေ ပြော ဘာပြောချင်လို့လဲ ။ ´´

'' အစ်မလေး အိမ်က ကြေးနန်းရောက်တယ်။ ´´

'' ဟင် ´´

'' အွန်း ရန်ကုန်က အိမ်ကကြေးနန်းရောက်တယ် အစ်မလေးကို ရန်ကုန်ပြန်လွှတ်ပေးဖို့။ ´´

'' သြော် ´´

လရောင် သြော် လို့သာ ပြောနိုင်တော့လေသည်။ ဘယ်တုန်းကများ လရောင်အပေါ် အဲ့ဒီလောက် စိတ်ပူသွားတတ်ပါလိမ့်။ လရောင် ဒီရောက်နေတဲ့အချိန်အတွင်း တစ်ခါမျှ လရောင် ဘက်က ဆက်သွယ်သည့်အချိန်ကလွဲရင် တစ်ခါမှ မဆက်သွယ်ဘူးတဲ့လူတွေကလေ။ ဘာလဲ လရောင် ကိုအတင်းထိုးပေးတဲ့လူက မြို့အုပ်မင်းဆိုတဲ့ အမှန်တရားက်ိုများသိသွားလို့လား။  လရောင်မဲ့ ပြုံးကလေးသာ ပြုံးနိုင်တော့သည်။ လရောင် ဒီတစ်ကြိမ်တော့ ကိုယ့်ဘဝကို တစ်ကယ်စိတ်နာပါသည်။ သူများ ထားရာနေ စေရာသွားသည့် ဘဝ။ ဖခင် အရင်းကိုလည်း တစ်ခါမျှ ပေါ်ပေါ်ထင်ထင် ဖေဖေ လို့ မခေါ်ရဲတဲ့ဘဝ။ ခုလည်း သံယောဇဥ် တွယ်ခဲ့သည့် လူကိုပင် ကိုယ့်ဘဝ အမှန်အား ဖုံးကွယ်ထားရသည့် ဘဝ မဟုတ်ပါလား။ မမမော်လီနဲ့ လရောင်နဲ့ဆိုတာ ယှဥ်စရာပင်မလိုအောင်  အဆင့်အတန်းက ကွဲပြားနေသည်မဟုတ်ပါလား။ လရောင် အတွေးများစွာနဲ့သာ ထမင်းအိုးအား ယောင်၍ ကိုင်လိုက်မိလေသည်။

လရောင်ဖြာမှ...အေးသောကြောင့်(လရောင်ဖြာမှ...အေးသောကြောင့်)Waar verhalen tot leven komen. Ontdek het nu