My Little Robot Prince

5.5K 350 8
                                    

My Little Robot Prince

×××××××××××××××××××××

Ep- 1

××××××

'' ရော့ သားအတွက် မွေးနေ့လက်ဆောင်''

ကျွန်တော် အသက်5နှစ်ပြည့် မွေးနေ့အတွက် ဖေဖေ ပေးသော မွေးနေ့လက်ဆောင်ကို ကျွန်တော် တအံ့တသြော်ကြည့်နေမိသည်၊၊ မျက်လုံးဝိုင်းဝိုင်းလေး၊ နှာတံစင်းစင်းလေး၊ ပန်းနုရောင်နုတ်ခမ်းဖူးဖူးလေး၊ ပြီးတော့ လှပတဲ့ ဖြူဖွေးအိစက်နေသည့် အသားအရေ၊ ထို အသားအရေနှင့် လိုက်ဖက်စွာ ဝတ်ဆင်ထားသည့် ပန်းနုရောင် ဂါဝန်တိုတိုလေးနှင့်၊၊ သူမက သေချာကြည့်ရင် စက်ရုပ်နှင့် မတူ ၊ ဘိုမရုပ်လေးတစ်ရုပ်လိုပင်၊၊

'' သား မကြိုက်ဘူးလား,, သားအတွက် ထပ်တူကျစက်ရုပ်လေးလေ' ''

ဖေဖေက မွေးနေ့လက်ဆောင် ဘာလိုချင်လဲလို့ မေးတုန်းက ကျွန်တော်က ထပ်တူကျစက်ရုပ်တစ်ရုပ် ဝယ်ပေးလို့ ပူဆာခဲ့ဘူးသည်၊၊ ဒါပေမယ့် ဖေဖေ ဒီလို ဝယ်ပေးမယ်လို့တော့ မထင်ထားပါ၊ ဟုတ်သည်လေ၊၊ ထပ်တူကျစက်ရုပ်တစ်ရုပ်၏ တန်ဖိုးမှာ အလွန်များသည်လို့တော့ ကြားဖူးသည်၊၊ လူတစ်ယောက်တစ်သက်စာကုန်ကျစာရိတ်လောက်ရှိမည်၊၊

'' ဟင်,,, မိန်းကလေးကြီးလား,,,

''အင်း ဟုတ်တယ်လေ မိန်းကလေးက ပိုကောင်းတာပေါ့''

''ဟင့်အင်း,,, လိုချင်ဘူး ယောကျာင်္းလေး စက်ရုပ်ပြန်လုပ်ပေး,,ယောကျာင်္းလေးပဲ လိုချင်တယ်''

ကျွန်တော် ၏ စကားကြောင့် ဖေဖေ စိတ်ရှုပ်သွားသည်ထင် ၊၊ မေမေ့ ဖက်လှည့်ပြီး စစ်ကူတောင်းနေသည်၊၊၊ မေမေက ကျွန်တော့် ပုခုံးကို ခပ်ဖွဖွကိုင်ပြီး မွေးနေ့လက်ဆောင် စက်ရုပ်မလေးကို ကျွန်တော့် ရှေ့ရပ်ခိုင်းလိုက်သည်၊၊

''သားရယ်ကြည့်ပါဦး ဘယ်လောက်ချစ်စရာကောင်းလဲ''

မေမေ့ စကားကြောင့် ကျွန်တော် စက်ရုပ်မလေးကို စိုက်ကြည့်လိုက်သည်၊၊ သူမက ကျွန်တော့်ကို မျက်တောင်လေးပုတ်ခပ်ပုတ်ခပ်နှင့် ကြည့်နေသည်၊၊ အင်း,,တော်တော်တော့ ချစ်စရာကောင်းသည်ပင်၊၊

'' သားဖေဖေက သားအတွက် အကောင်းဆုံးကို ယူလာတာနော်,,, ခေါ်လိုက်ပါဦး မင်း သခင်

My Little Robot princeTempat cerita menjadi hidup. Temukan sekarang