မတွေ့ရသည့် ၃လ အတွင်းမှာ သမီးလေး အတော်ပင် ပြောင်းလဲခဲ့လေသည်

တော်ဝင် သမီးကို အားရပါးရပွေ့ဖတ်နမ်းပြီး

"သမီး အခု ဘယ်သူနဲ့ လာတာလဲ"

"ဟိုမှာ ဆရာပါတယ် မေမေ"

တော်ဝင် လှည့်ကြည့်လိုက်တော့ ဆိုင်မှာ မုန့်လာစားဖူးသည့် ကောင်လေးပင်

"မင်္ဂလာပါ အစ်မ ကျွန်တော်နာမည် အာကာတစ်ခွင်ပါ"

"ဟုတ်ကဲ့ ကျွန်မတော်ဝင်နန်းပါ ဆရာ လွမ်းရိပ်ပြယ် ရဲ့ အမေပါ"

တစ်ယောက်နှင့် တစ်ယောက် အပြန်အလှန်နှုတ်ဆက်ကြပြီး

"ဆရာထိုင်လေ ဘာစားမလဲ"

တစ်ခွင် စားပွဲအလွှတ်တစ်ဝိုင်းတွင် ဝင်ထိုင်လိုက်ပြီး

"ဟိုတစ်ခါ အစ်မဆိုင်မှာ အသုတ်လာစားကတည်းက ကျွန်တော် အစ်မ လက်ရာကို စွဲသွားတာ ကျွန်တော်ကို အသုတ်စုံ တစ်ပွဲ ရှယ် သုတ်ပေး အစ်မ"

တော်ဝင်ပြုံးလိုက်ပြီး

"ဆရာကတော့ ကျွန်မကို မြှောက်နေပြန်ပြီ"

"မမြှောက်ပါဘူး တကယ်ပြောတာ"

တကယ်ပါ

မမ နှင့် ပတ်သတ်သည့် ဘယ်အရာမဆို သူတန်ဖိုး ထားတတ်ချင်သည်

သို့ပေမယ့် မမမှာ ဆိုင်သူရှိပြီးသားလေ

မဖြစ်သင့်တာကို နှလုံးသားက အလိုလိုထိန်းချုပ်ရန်သာ ရှိလေတော့သည်

တကယ်လည်း မမ ကို သူ့အနေနှင့် မချစ်သင့်ပေ

မဟုတ်ဘူး

ချစ်၍ မဖြစ်ပေ
                  ။        ။
ယုယ ကျောင်းက ပြန်လာစဉ်

"သမီး ဒီကိုလာဦး"

ယုယ အမေခေါ်သံကြောင့် အမေ အနားဝင်ထိုင်လိုက်ပြီး

"ဘာပြောမလို့လဲ အမေ"

ဒေါ်စိန်စိန် မျက်နှာချိုသွေးရင်း

"သမီး နဲ့ မောင်ဥက္ကာ အခြေအနေက ဘယ်လိုတွေလဲ"

"ဘာကို ဘယ်လိုရမှာလဲ အမေရယ် သူငယ်ချင်းပဲပေါ့"

ဒေါ်စိန်စိန် မျက်နှာပျက်သွားပြီး

"ညည်းကလဲ ငါ့သမီး ဖြစ်ပြီး ညံ့လိုက်တာ ကိုယ့်မှာ ကိုယ် စွဲစွဲလန်းလန်း ဖြစ်နေတဲ့ ယောကျာ်းကို အပိုင်ချုပ်ထား ပြီးတာပဲ"

တော်မဝင်သည့်တော်ဝင်ပန်းजहाँ कहानियाँ रहती हैं। अभी खोजें