Ep-(7) (birthday)

Începe de la început
                                    

"ဗျာ? "

"မပျော်ဘူးလား ။
Hyungက မင်းကိုသဘောကျတယ်လို့ပြောမယ်လုပ်တိုင်း ပြဿနာတစ်ခုပြီးတစ်ခုဖြစ်လာလို့ မပြောဖြစ်လိုက်ဘူး။ "

"ဒါဆို hyungသဘောကျတယ်ဆိုတဲ့ ကောင်လေးက ကျွန်တော်ပေါ့။ "

"အွန်း..."

"ကျွန်တော် ဒီစကားကြားရတော့ အရမ်းပျော်သွားတာ ၊ hyungက စနေတယ်မှတ်လို့ လမ်းမှာဆွဲစိတ်ကြည့်ရတာလည်းအကြိမ်ကြိမ်ဘဲ။ ရှက်လည်းရှက်သွားတာ။ ဟီးဟီး "

မွ....။

-လျပ်တပြတ် ပါးအိအိလေးကို မွှေးလိုက်တော့-

"Hyung!!"

"ဟိဟိ"

"ဘယ်လိုလူကြီးလည်းဗျာ။ "

-ထပ်ပြီးထွက်ပြေးသွားတဲ့ အကောင်လုံးလေးကို လှမ်းဖမ်းလိုက်သော်လည်း မမိလိုက်ပေ။ ထိုကောင်လေးကတော့ ထပ်မဖမ်းခင်မှာဘဲ ဆေးရုံရှေ့က taxiပေါ်ကို လျင်မြန်စွာပြေးတက်သွားလေတော့သည်။ -

"ဟိတ် .....hyun....hyunနေဦးလေ။
အကို့ကို စောင့်ဦး။ "

-သူစကားပြောနေသော taxiကားအဝါလေးသည် တရွေ့ရွေ့ဖြင့် ဆေးရုံဝန်းထဲမှထွက်သွားလေသည်။ ကားထဲမှကောင်လေးသည်လည်း ရှက်ပြုံးများကိုပြုံးလျက်၊ အကြိမ်ကြိမ်လည်း ခိုးခိုးရီလျက်။ -
.
.
.
-ယနေ့ကတော့ မိမိတို့အုပ်စု အားလပ်ချိန် Super Sundayလည်းဖြစ်၊ မိမိတို့သူငယ်ချင်းရည်းစားမရှိသူကြီး Kai၏မွေးနေ့လည်းဖြစ်သည်။ ထို့ကြောင့် ယနေ့တော့kaiတိုက်ခန်းတွင်လူစုကြမည်။ yeonjun hyungကလည်းဆေးရုံက ဆင်းလာပြီဖြစ်သည်။ -

"Kaiရေ...ငါတို့လာတယ်။ "

"Kaiရေ..."

-10:00အတိတွင်အကုန် အခန်းရှေ့ရောက်နေကြသည်။ ယခု10:15မိနစ်လောက်ရှိနေပြီး ယခုအချိန်ထိ အိမ်ရှေ့အပေါက်ဝကနေ တံခါးမဖွင့်ပေးသေး။ မည်သည့်အသံမှလည်းမကြားရ။ ဖုန်းလည်းဆက်ပိတ်ထားသည်။ မွေးနေ့ကြီး ဘယ်နားသွားစက်တော်ခေါ်နေလည်းမသိ။ -

"Kai.......!!!!!!"

-yeonjun hyungရဲ့ပြောင်မြောက်လှသော အသံဖြင့်တောင်ထွက်မလာပေ။ -

Forever[Completed]Unde poveștirile trăiesc. Descoperă acum