အခန်း ၁၇ အရမ်းစွမ်းတယ်

Start from the beginning
                                    

“ဒါပေမယ့် အခင်းအကျင်းကို ဂိုဏ်းအကြီးအကဲတွေ လာစစ်မှာစောင့်ဖို့လိုသေးတယ်လေ။”

“ငါ့တပည့်ကို သွားအကြောင်းကြားခိုင်းလိုက်မယ်။ ငါတို့နှစ်ယောက် တစ်လတောင်ပင်ပင်ပန်းပန်းအလုပ်လုပ်ထားရတာလေ။ အပြင်ထွက်ပြီး ပျော်ကြရအောင်ပါ။ သူတို့ဘာမှမပြောပါဘူး။ ပြီးတော့ ငါဧည့်ခံမှာ။ ဒီည အကောင်းဆုံးမိန်းကလေးတွေပဲ ရစေရမယ်။”

လုရှောင်ယန် ထပ်ငြင်းမည့်အချိန်မှာပဲ ဝမ့်ခိုက်၏အသံက သူ့စိတ်ထဲတွင် ပေါ်ထွက်လာလေသည်။

[သခင်၊ သခင်၊ ကျွန်တော် အာကေရှားဂိုဏ်းခွဲနားမှာ SSSအဆင့်ဉာဏ်ကြီးရှင်တစ်ယောက် တွေ့ထားတယ်]

“သေစမ်း!”

တကယ်ကြီး SSSအဆင့်ဉာဏ်ကြီးရှင်လား!

ကြီးမြတ်သောကျိုးရဲ့မင်းသမီးဖြစ်တဲ့ ကျီဝူရှားတောင်မှ SSအဆင့်ဉာဏ်ကြီးရှင်ပဲလေ။

သေရော! လုရှောင်ယန်၏သွေးတွေ ဆူပွက်လာတော့သည်။

“ဝမ့်ခိုက်၊ မင်း ဝိညာဉ်လမ်းညွှန်သုံးလို့ရတယ်မဟုတ်ဘူးလား? သူ့ကို ဒီရောက်အောင်ခေါ်လိုက်လေ။”

[သူက အခုအလိုက်ခံနေရတယ်၊ ဒီအထိရောက်အောင် လမ်းမညွှန်နိုင်ခင်ကို သေမှာ]

“…..”

“လောင်လု၊ ဘာဖြစ်လို့လဲ?”

လီတောက်ရန် အံ့ဩသွားကာ လုရှောင်ယန်ကို နားမလည်နိုင်စွာကြည့်လိုက်သည်။

လုရှောင်ယန် သူ့စကားတွေကြားပြီး တက်ကြွသွားပြီဟု ထင်မိသွားသည်။

လုရှောင်ယန်  ခေါင်းယမ်းလိုက်ကာ တံဆိပ်ပြားတစ်ခုထုတ်ပေးလိုက်သည်။

“ဘာမှမဖြစ်ပါဘူး။ မင်းတပည့်ကို အကြီးအကဲတွေဆီ ဒီတံဆိပ်ပြားပေးဖို့ ပြောလိုက်၊ ဒါက ထိန်းချုပ်မှုတံဆိပ်ပြားအသစ်ပဲ။ ဒါမရှိဘဲ တပည့်တွေ ဒီအခင်းအကျင်းအပြင်ကို လွယ်လွယ်ထွက်လို့မရဘူး။”

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးWhere stories live. Discover now