7. အလုပ်

Start from the beginning
                                    

အပြာ​ရောင် ဝတ်ထားတဲ့လူက အံ့သြသွားပြီး

"ငါ ပြန်ပြီး ပြင်ဆင်ထားလိုက်မယ်"

သူက ထွက်မသွားခင် အ​အေး​ပေးခန်းထဲမှာ ထည့်ထားတဲ့​ ကြောင်ကို နှစ်သက်စွာ ကြည့်​နေခဲ့သည်။

ယန်ရွှင်က ရှဲ့စန်းကို ကြင်နာစွာ ပြုံးပြလိုက်ပြီး

" ​မင်းရဲ့ အကူအညီအတွက် ​ကျေးဇူးတင်ပါတယ် "

" မင်း ကြည့်ရတာ ပါရှန် သားရဲ​တွေကြားမှာ နာမည်ကြီးပုံပဲ၊ သူ့ အပူချိန်က မြင့်တက်​နေတဲ့အချိန်မှာ သူစိမ်း တစ်​ယောက်ကို ပွေ့ထားဖို့ ခွင့်ပြုတာ ကို မြင်လိုက်ရ​တော့ တကယ် အံ့သြသွားတာ"

ရှဲ့စန်း ရယ်လိုက်ပြီး " ကျွန်​တော်က သူတို့နဲ့ ရင်းနီးမှု မြင့်တဲ့အတွက် တိရစ္ဆာန်အ​​သေး​လေး​တွေ ကြားမှာ နည်းနည်း နာမည်ကြီးတယ်"

" အဲဒါက ​ကောင်းလိုက်တာ ၊ မင်းက သဘာဝအတိုင်း ​မွေးဖွားလာတဲ့ ပြုစု​စောင့်​ရှောက်သူပဲ"

ရှဲ့စန်း ကြည့်ပြီး အံ့အားသင့်သွားတယ်၊ အ​ကြောင်းအရာ က ပြည့်စုံလွန်းတဲ့အတွက် ဘယ်လို​ ဆွေး​​နွေးရမလဲ စဥ်းစားလိုက်တယ်၊

"မင်း​ ပြောတာ ကြားရ​တော့ အရမ်း​​ ပျော်သွားပြီ၊ မင်းရဲ့ ပြုစု​စောင့်​ရှောက်​ရေး စင်တာမှာ အချိန်ပိုင်း အလုပ်​ ​ခေါ်လား၊ ကျွန်​တော် အလုပ် ရှာ​နေလို့"

"မင်းက ဆက်နွယ်သားရဲ ပြူစု​စောင့်​ရှောက်​ရေး ​မေဂျာ က လား၊ ​ဘွဲ့လက်မှတ်ရှိလား"

" မဟုတ်ပါဘူး၊ ကျွန်​တော်က အပင်ဌာနကပါ ၊ ဒီနှစ်မှ တတိယနှစ်ပဲ ရှိပါ​သေးတယ်၊ ကျွန်​တော် ကြိုးကြိုးစားစားနဲ့ သင်ယူမှာပါ၊ ပင်ပန်း ခက်ခဲမှု ​တွေကို မ​ကြောက်ပါဘူး" ရှဲ့စန်း ​ကောင်းမွန်စွာ ​ပြောလိုက်သည်။

ယန်ရွှင် ခဏ​လောက် ​သေ​သေချာချာ စဥ်းစားလိုက်သည်။ "ငါတို့ လုပ်အား​တွေ လို​နေ​ပေမယ့် ကျင်းကျန် က အလုပ်ခန့်တဲ့​ နေရာမှာ စည်းကမ်းကြီးတယ်၊ မင်းရဲ့ ပညာအရည်အချင်း က ​မကောင်း​ပေမယ့် မင်းမှာ ဆက်နွယ်သားရဲ​တွေနဲ့ ရင်းနီးမှု မြင့်တဲ့အတွက် မင်း ကြိုးစားကြည့်လို့ရတယ် "

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now