"မောင့်ဟန်ချီ..မောင့်ကို စောင့်....စောင့်..."

ပြေးလိုက်နေရင်းမှ အနောက်သို့ရုတ်တရတ်
လှည့်လာသူလေးကြောင့် ပါးစပ်ကိုဘရိတ်အုပ်ပြီးကိုယ်ရှိန်အမြန်သပ်ရပါတော့သည်။
အော်..မောင့်ဟန်ချီကလည်းမပြောမဆိုနဲ့ဇွတ်...
လှည့်လာတဲ့သူလေးကမျက်နှာကတည်တင်းနေပြီး မျက်ခုံးတန်းတွေတွန့်ချိုးထားသည်မှာ ကျွန်တော်ကိုမနှစ်မျို့ဘူးဆိုတာသိသာစွာ...
သို့ပေမယ့်ဘယ်တတ်နိုင်ပါ့မလဲ ကိုယ်ကချစ်နေရသူမို့..ဟန်ချီအချစ်ကို့ပြန်ရဖို့ကြိုးစားရမည်လေ။
မြင်မြင်ချင်းအချစ်တဲ့...မောင်ကဟန်ချီနဲ့တွေ့မှဒီစကားကိုလက်ခံခဲ့တာပါ။ကျွန်တော်ရှေ့မှာရှိနေတဲ့ "လှမျက်ဟန်ချီ"ဆိုတဲ့ အသည်းအသက်ကလေးကနာမည်နဲ့လိုက်အောင်ပင်အလွန်လှပါသည်။ကျွန်တော့်မှာစတွေ့ကာစကဆိုနှလုံးခုန်တာတောင်ရပ်သွားတယ်ထင်တာပဲ။တစ်ခါတလေဆိုတွေးမိတယ် ဟန်ချီကယောကျ်ားလေးဖြစ်နေလို့သာမိန်းကလေးများသာဆို ဒီရွာကကွမ်းတောင်ကိုင်ဆိုတဲ့ကောင်မလေးတွေထိုင်များငိုကြမလားပဲ....အဲ့သလောက်ကိုဟန်ချီကလှတာဗျ!ဟဲ...ချစ်စရာလည်းကောင်းတာပါပဲ...ခုလို မျက်နှာကိုမှုန်ထားတာတောင် ချစ်ဖို့ကောင်းတာလေးကတော့ ဆွဲမွချင်စရာလေးပါပဲဗျာ....

မေမေကတကယ်တော့ဒီရွာသူလေ...ကျောင်းတက်ရင်းမြို့သားဖြစ်တဲ့ဖေဖေနဲ့အကြောင်းပါပြီးချစ်သွားကြတယ်။အဘိုးကတော့မေမေ့တို့ကိုလုံး၀သဘောမတူခဲ့ဘူးတဲ့ ..ဒါနဲ့ပဲမေမေကလည်းဖေ့ကိုမခွဲနိုင်တော့လိုက်ပြေးသွားသွားကြတာပေါ့။အဲ့မှအဘိုးကစိတ်ဆိုးပြီး မေမေ့ကိုအိမ်ရိပ်တောင်အနင်းမခံတော့တာ ကျွန်တော့တစ်သက်ပဲ။ခုမှသာအဘိုးလည်းအသက်ကြီးပြီးမာန်လျှော့သွားတယ်ထင်ပါရဲ့ မေမေကိုပြန်လာခွင့်ပြုတာ!ဒါတောင်ဖေ့ကိုတော့သိပ်ကြည်သေးတာမဟုတ်။ခုအဘိုးဆီကိုလာကြတာလေ။အတူနေဖို့ခေါ်ပေမယ့် မွေးရပ်မြေမှာပဲခေါင်းချချင်တယ်ဆိုတဲ့အဘိုးက ဘူးခံငြင်းနေတော့ သားသမီးမြေးမြစ်ဖြစ်တဲ့ကျွန်တော့်တို့မိသားစုကပဲလာကြရတော့တာပေါ့။
မေမေလည်းသူ့မွေးရပ်ရွာလေးကိုလွမ်းနေရှာတော့လေ...။ဖေ့ဖေ့အလုပ်တွေအကုန်ကမန္တလေးမှာပဲဆိုတော့ဒီကိုလာတာအလည်အပတ်သဘောမျိုးပါပဲ။အလည်အပတ်သာဆို တစ်လနှစ်လတော့ကြာမပေါ့။အစကတော့ရွာဆိုတော့မလိုက်ချင်ပေမယ့် အဘိုးကိုတွေ့ဖို့ဆိုတော့မလိုက်မဖြစ်တော့ အောင့်အီးလိုက်လာရတဲ့ကျွန်တော်က ဒီကြမှ ..ဒီကိုရောက်တော့မောင့်ဟန်ချီလေးကိုတွေ့မှ... ကျွန်တော်ချမ်းမြေ့မောင်လုံး၀မပြန်ချင်တော့ပါ။ လုံး၀လုံး၀ပဲ!အချစ်ကအဲ့လိုစွမ်းအားကြီးတာ ဟဲဟဲ...

"အကြင်နာပိုပါသည် မောင့်ဟန်ချီ"(Completed)जहाँ कहानियाँ रहती हैं। अभी खोजें