"သူငယ်ချင်း မင်းခြေထောက်လေးဖယ်ပေးပါလား ငါ့စားပွဲစီသွားချင်လို့"
ပြုံးစစဖြင့်ထိုအရှက်ကွဲစေသောကျောင်းသားအားတည့်တိုးပြောလိုက်သောကြောင့်တစ်တန်းလုံးအံသြစွာ။ တချို့ကတော့ထိုကျောင်းသားအားလှောင်ပြောင်သလို 'တဟားဟား' ဖြင့်။

ထို့နောက်Taehyungဘေးသို့ရောက်လာသောခန္ဓာကိုယ်သေးသေးလေး။ သွားများပေါ်သည်အထိပြုံးပြနေပြီး...
"ဟိုင်းသူငယ်ချင်း ငါကPark Jiminပါ ငါတို့ခင်လို့ရတယ်မလား"

Taehyungခေါင်းသာညိမ့်ပြလိုက်သည်။ ထို့နောက်ဆရာသင်သောစာအားအာရုံစိုက်လျက်...။

ကျောင်းသားတစ်ယောက်ရဲ့ဒေါသကဘယ်လောက်ထိကြီးနိုင်သလဲ။ ဘယ်လောက်ထိကြီးမားသည်ဖြစ်စေနောက်ကွယ်၌မိဘ၏အားကိုးဖြင့်လေကျယ်နေသောထိုကျောင်းသား၏ဒေါသကတော့မိုက်ရူးရဲဆန်ခြင်းသာ။ ကျောင်းပထမဆုံးတက်သည့်ရက်ကသူ့အားအရှက်ခွဲသွားသော Park Jiminဆိုသည့်ကျောင်းသားအားလိုက်နှောက်ယှက်နေသည်မှာTaehyungပင်စိတ်ရှုတ်လာသည်အထိ။ လူကြီးဆန်စွာတစ်နေရာ၌ချိန်းထိုးရင်တောင်ဒီလောက်စိတ်ရှုတ်ရမည်မဟုတ်ချေ။ အခုတော့စားပွဲခုံအားရှုတ်ပွနေအောင်မှင်ဖြင့်လျှောက်ခြစ်ခြင်း၊lockerထဲအားအမှိုက်သရိုက်များထည့်ထားခြင်း၊ သန့်စင်ခန်းသွားနေစဥ် သန့်စင်ခန်းတံခါးအားပိတ်ထားခြင်း စသည့် ကလေးဆန်ဆန်အပြုအမူတွေကြောင့် Park Jiminဟူသောကျောင်းသား၏ဒုက္ခမှန်သမျှကိုလိုက်ဖြေရှင်းပေးရသူမှာKim Taehyungသာ။ ကာယကံရှင်ကတော့ဘာပဲဖြစ်နေဖြစ်နေ တပြုံးပြုံးဖြင့်။

"Yarr Park Jimin မင်းအရှုတ်ထုပ်တွေကိုမြန်မြန်ရှင်းစမ်း မဟုတ်ရင်ငါလုပ်မိတော့မယ်"
ဒေါသတကြီးပြောဆိုလာသောသူ့အား တုံ့ပြန်ခြင်းမရှိခြင်းကြောင့်ဘေးနားကလမ်းလျှောက်နေသောမိုချီလုံးလေးအားကြည့်မိတော့ သူ့အားကြောင်အ ကာပြန်ကြည့်နေလေသည်။ 'ဘာကြောင်နေတာလဲ' ဟူသောမျက်နှာပေးဖြင့်ပြန်ကြည့်မိတော့ အံသြသလိုပါးစပ်အားလက်ဝါးဖြင့်အုပ်လျက်ဖြစ်နေသည်မို့..

"ဟေ့ကောင် ဘာဖြစ်တာလဲ"

"ပထမဆုံးပဲ.."
ဘာကိုပထမဆုံးလဲ အရင်းမရှိအဖျားမရှိနဲ့။ သူပြောတာကိုသဘောမပေါက်သိကျွန်တော့်ကိုရိပ်မိသည်ထင်..

𝑲𝒊𝒎'𝒔 𝑱𝒆𝒐𝒏//𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆//Where stories live. Discover now