အပိုင်း(၈)

Beginne am Anfang
                                    

"နေပါအုံး...ကိုကို ကလေးတွေ့ချင်လို့ လာစောင့်နေတာကြာနေပြီ၊ ခဏတော့အချိန်ပေးမယ်မဟုတ်လားဟင်"
"ဗျာ.."

ကိုရဲရင့်က ခင်ချင်တယ်ဆိုတဲ့အကြောင်းရယ်၊ ညရောက်တိုင်း ဖုန်းဆက်မယ်ဆိုတာရယ် အစချီလို့ သီကာပတ်ကုံး ပြောမိကြတယ်။ အစ်ကိုရဲရင့်က ဖော်ရွေလိုက်တာ ကျွန်တော်ကို ညီငယ်တစ်ယောက်လို့ ခင်လို့တဲ့ဗျ။ မမ ဆုံးပြီးကတည်း မိသားစုဝင် ထဲမှာကျွန်တော်က ကလေး..မိဘတွေကို နွဲ့ဆိုးဆိုးမရတော့ မမအပေါ်ဆို ကလေးလေးနဲ့မထူးခြားနား။ ကိုယ်အထက် အစ်ကို မရှိဖူးတဲ့ကျွန်တော်၊ အစ်ကိုရဲရင့်စကားတွေကြား ပျော်ရွှင်မူက မထိမ်းနိုင် မသိမ်းနိုင်။ မမဆိုတာ ဘဝခြားခဲ့ပြီ။ ပျော်တာပေါ့ အစ်ကိုတစ်ယောက်ရသလို၊  အလိုက်လိုက်ချစ်ပေးမယ့် အစ်ကိုရင်း ကို ပိုင်ဆိုင်ရသလို အပျော်မျိုး။  အသိထက်တိုးရတော့မယ်ပေါ့ ..ဝင်းထက်သိရင် ဘယ်လောက်စိတ်တိုနေမလဲမသိ။ ဝင်းထက်ဆိုတာ ကျွန်တော်ကို ညီလို၊ သူငယ်ချင်းလို အကောင်းဆုံးသူပါ ။ အစ်က်ုရဲရင့်တို့အဖွဲ့က လာခင်ကြတာ အပေါင်းအသင်းတိုးတာ ပေါ့။ ရန်သူတိုးတာမှမဟုတ်တာပျော်စရာတစ်ခုလေ.....

"ကလေး...ဘာတွေ တွေးပြီးပြုံးနေတာလဲ ဟင်၊ ကိုကို အကြောင်းလား"
"ဗျာ...မဟုတ်ဗျ..ဝင်းထက် ဘာမှာလိုက်လဲ တွေးနေမိလို့ဗျ"

"ကဲ ဟုတ်ပါပြီ ..တခုခု လိုအပ်တာရှိရင် ကိုကို့ဆီ ချက်ချင်းပြော၊ အားမနာရဘူးနော် ကလေး"
"ဟုတ်ကဲ့ဗျ...ကျေးဇူးပါဗျ"

"ဟား....ဘာလေးလဲကွာ ....ကဲရော့ ...ကလေး မူန့်..ကလေးဘာကြိုက်တက်မှန်းမသိလို့ ကိုကို အစုံဝယ်လာတာ "
"ဟို....ကျွန်တော်မယူ ပါရစေနဲ့ဗျ"

" ဘာလို့လဲ ကိုကိုက စေတနာနဲ့လေကွာ၊ ဘာလဲ ကိုကို့ အသိအမှတ်မပြုချင်တာလား "
"မဟုတ်...ဒါဆို ယူလိုက်ပြီနော် ခင်ပါ့မယ်ဗျ...ကျေးဇူးပါနော် "

နောက်နေ့လည်း လာတွေ့မယ် ဆိုတာကိုအပိုထပ်ဖြည့်လို့ နူတ်ဆက်ပြန်သွားတယ်။ ငါဒီမူန့်ထုပ်ကြီးအကြောင်း ဝင်းထက်ကို ဘယ်လိုပြောရမလဲ ။ မလိမ်ချင်ဘူး..."လိမ်ညာတာ မကောင်းဘူးတဲ့..ကိုယ့်အပေါ်တကယ်စေတန်မေတ္တာထားတဲ့သူတွေကို မလိမ်ညာရဘူးတဲ့ "အမေဆုံးမ ခဲ့ဖူးသည်။

ချစ်ခြင်းတို့အလွန် Wo Geschichten leben. Entdecke jetzt