Till the end!

109 12 0
                                    

အထီးကျန်ရမှာ ကြောက်တယ် ဒါ့ကြောင့်မို့လို့တစ်ယောက်ထဲနေဖို့ဆုံးဖြတ်ခဲ့တယ် တစ်ချိန်မှာထွက်သွားမဲ့လူတွေကိုမကြိုဆိုချင်ဘူးရယ်.....

ခင်ဗျားကသိပ်ဆိုးလွန်းတယ်...တံတိုင်းအထပ်ထပ်တားဆီးထားတဲ့ ကျွန်တော်ရဲ့နှလုံးသားကိုမှ လာချိန်ရွယ်ပါသတဲ့....

အဟက် ဘယ်အချိန်ပြန်ထွက်သွားဖို့ စိတ်ကူးထားလဲ...

သိပ်ချစ်ရပါတယ် ကလေးရယ်တဲ့

ဟင့်အင်းခင်ဗျားကိုမယုံဘူးပါဘူး

ဒီလိုဆိုပြန်တော့လဲ ခင်ဗျားကြီးကသဘောတကျရယ်ရင်းပြောလာပြန်ရော

ကလေးဘေးနားမှာရိုးမြေကျအတူနေရင်းသက်သေပြပေးမယ်လေ.....

လူလိမ်!

ကိုယ်မလိမ်ပါဘူး သိပ်ချစ်လို့ပါကလေးရယ် ရူးလောက်အောင်ချစ်မိသွားလို့ပါတဲ့....

နှလုံးသားလေးရယ် မင်းကဘာ့ကြောင့်ခုန်နေရတာလဲ! တစ်ချိန်ငါနာကျင်ရရင်မင်းအပြစ်နော်.....

ခင်ဗျားကြီးအခုမရူးသေးဘူးလေ.....ဘုတောတောလိုက်ပြန်တော့လဲ

အဟွန့် ကိုယ်ကအခုရူးလို့မဖြစ်သေးဘူး ကလေးနဲ့ပေါင်းရအုံးမှာတဲ့

ဒီလူကြီးဟာလူကိုခြွေခြွေနိုင်လွန်းတယ်.....

အရဲစွန့်ပြီးယုံကြည်လိုက်သင့်လား.....

ဦးနှောက်ကတော့ပြောပါရဲ့ မင်းမမှတ်သေးဘူးလားတဲ့
နှလုံးသားကသူမှသူဖြစ်နေတော့လဲ ဘယ်တတ်နိုင်မလဲ

ယိမ်းယိုင်လွယ်လွန်းတဲ့ နှလုံးသားကိုပဲအပြစ်တင်ရမယ်....ကျွန်တော်ခင်ဗျားကို ချစ်ပါတယ်

ခင်ဗျားကသိပ်ဆိုးတယ် ကိုယ်တို့လမ်းခွဲဖြစ်ရင် ကလေးဘယ်လိုခံစားရမလဲတဲ့

ရင်ဘက်ထဲ တစ်ချက်စူးခနဲ ဖြစ်သွားတယ်..အဟားစကားနဲ့တောင်မခံစားနိုင်ဘူးပဲ

ဒီအတိုင်း ကျွန်တော် ခဏတော့ဝမ်းနည်းမှာပေါ့ ပြီးရင်အဆင်ပြေသွားမှာပါ

အင်းလွတ်မြောက်ရာဆီမှာ အဆင်ပြေနေမှာပါ

ဒီလိုကြတော့ ခင်ဗျားကြီးမျက်နှာစူပုတ်သွားရော~
ကလေးမကောင်းဘူး ကိုယ်သာဆိုကလေးမရှိရင် ဆက်မရှင်သန်လောက်တော့ဘူး တဲ့

သက်ဆိုင်သူမရှိသော ချစ်သဝဏ်လွှာများDove le storie prendono vita. Scoprilo ora