-5-

313 46 0
                                    

+++++++Unicode+++++++++

စတုရန်းပုံစားပွဲဖြူပြန့်ပြန့်ပေါ်တွင် ခူးခပ်ထားသော ဟင်းမယ်စုံက ရနံ့မွှေးမွှေးဖြင့်စားချင်စဖွယ်။ဆော်လမွန်ငါးပေါင်းရယ် ၊ ကြက်ဉထမင်းလိပ်က လိုက်ဖက်လှပြီး  ဘူလ်ဂိုဂီစပ်ရဲရဲတစ်ပွဲက စားပွဲအလယ်မှာ တည်ပွဲအဖြစ်ထားရှိသည်။တူနာဆူရှီကို ပုံဖော်ထားသည့် မင်ဟီးလက်ရာဟာ မြင်သူမမြည်းဘဲမနေနိုင်။ဘေးမှာတော့ သခွားသီးနှင့်မုန်လာဉဖြူကင်မ်ချီက မပါမဖြစ်။

"သမီးမင်ဟီးလေး စားလေ"

စားပွဲထိပ်မှာထိုင်နေသည့် ပတ်ဂျောင်ဟွန်းက သူမအားပြောလာသည်။သူမမျက်နှာချင်းဆိုင်မှာထိုင်နေသည့် နှစ်ယောက်အား ကြည့်၍
တူနှစ်ချောင်းကို နှုတ်ခမ်းစပ်တွင်တေ့ထားပြီး ယခုချိန်ထိအတွေးပွားနေသေး၏။

ငါးအသားတစ်ဖက်ကို ဆောင်းဟွန်းနှိုက်ယူကာ အရသာခံမြည်းကြည့်လိုက်သည်။

"ဘယ်လိုနေလဲ ဆောင်းဟွန်း ကောင်းရဲ့လား"

"ဝါးး အံ့ဩလောက်တဲ့အရသာပဲ"

မင်ဟီးက သူမအပင်ပန်းခံလုပ်ထားရကျိုးနပ်သွား၍ ပျော်နေဟန်တူသည်။

"ငါလည်းဒါလေးစားကြည့်မယ်။"

ဂျုံဆောင်းဟာ ဆော်လမွန်ငါးပေါင်းပန်းကန်ဆီသို့ တူနှစ်ချောင်းလှမ်းလိုက်စဉ် ဆောင်းဟွန်းက ဖခင်နှင့်မင်ဟီးရှိရာထံတွန်းပို့ပစ်သည်။

"မင်ဟီးများများစားနော် "

"အွန်း.."

 ဂျုံဆောင်း၏တူကိုင်ထားသော လက်တစ်ဖက်ကလေထဲတွင်တန်းလန်းရပ်တန့်လျက်။

ဆောင်းဟွန်း လူယုတ်မာ။

မင်ဟီးမှာ အားနာစွာတုံ့ပြန်လိုက်သော်ညား ဆောင်းဟွန်းကတော့ဘာမှမဖြစ်သည့်ပုံမျိုး။

ဒီလိုနဲ့စားကြသောက်ကြရင်း ပန်းကန်ထဲမှဟင်းတွေသည်လည်း ကုန်သလောက်နီးနီးဖြစ်သွားသည်။ပန်းကန်ပြန့်ပြန့်ထဲတွင် တစ်ခုတည်းသော ကြက်ဉထမင်းလိပ်လေးကျန်နေသည်မို့   ဆောင်းဟွန်းအဆုံးသပ်ရန် ယူဆောင်လိုက်သော်လည်း ဂျုံဆောင်းကပဲ ထိုကြက်ဉလိပ်ကို လျှင်မြန်စွာ ကောက်ယူ၍ ပါးစပ်အတွင်းထိုးထည့်ပစ်လိုက်သည်။

Cherish Opowieści tętniące życiem. Odkryj je teraz