" အေးအေး.. ဒါဆိုလည်း သွားရအောင် "

မင်းလွင် အောက်ထပ်ကိုဆင်းတော့ ခင်ထွေးမွန်ပါ နောက်ကနေလိုက်သွားလိုက်သည် ။ ဧည့်ခန်းထဲကနေ ပိတောက်ပန်းခက်တစ်ချို့ကို မင်းလွင်ယူခဲ့လိုက်သည် ။

မင်းလွင် လှိုင်တို့အိမ်ဘက်ကိုသွားတော့ ထွေး ခပ်လှမ်းလှမ်းကနေဖြေးဖြေးချင်းလိုက်လာသည် ။

" အန်တီချိုရေ "
ခြံထဲမှာ လမ်းဆင်းလျှောက်နေတဲ့ ဒေါ်ချိုချိုကို မင်းလွင် အော်ခေါ်လိုက်သည် ။

" သားရေ ၊ သော့ခတ်မထားဘူး ဝင်ခဲ့လိုက်ကွယ် "

မင်းလွင်နဲထွေး ခြံတံခါးကို အသာဖွင့်ကာ ခြံထဲဝင်လာလိုက်သည် ။

" အန်တီချို ကံ့ကော်လှိုင်ရှိလား "

" ရှိတယ် သားရေ ။ စောနကတော့ ဧည့်ခန်းထဲမှာ ကော်ဖီထိုင်သောက်နေတယ် "

" ဟုတ်ခဲ့ အန်တီချို ။ ဒါတို့ ကျွန်တော်တို့ ဝင်သွားလိုက်ဦးမယ်ဗျာ "

" အေးအေး "
ဒေါ်ချိုချိုက ခြံထဲမှာ လမ်းဆက်လျှောက်နေလိုက်သည် ။

" တကယ်ကြီးလုပ်မလို့လား အစ်ကိုက "
အိမ်ထဲဝင်ခါနီး ထွေး မင်းလွင်ကိုပြောလိုက်သည် ။

" အေးပါဆို "

မင်းလွင် ဧည့်ခန်းထဲဝင်သွားတော့ လှိုင့်ကို တွေ့လိုက်ရသည် ။
ထွေးကတော့ ခပ်ဖျော့ဖျော့မျက်လုံးတွေနဲ့ လှိုင့်ကိုကြည့်လိုက်သည် ။

" ကျွန်တော်တို့ ထိုင်မယ်နော် လှိုင် "

လှိုင်က ထွေးတို့ဘက်ကို ထိုင်ရာမှာ မော့ကြည့်လိုက်သည် ။

" ထိုင်လေကွယ် "
လှိုင် ထွေးကိုကြည့်ပြီးပြောလိုက်သည် ။

မင်းလွင်ကတော့ အနည်းငယ်ပင် ရှက်သွားသယောင် ခံစားလိုက်ရသည် ။ မင်းလွင် လှိုင်နဲ့ မျက်နှာချင်းဆိုင် ထိုင်ခုံပေါ်မှာ ဝင်ထိုင်လိုက်ကြသည် ။ ထွေးကတော့ လှိုင့်ဘေးမှာ ဝင်ထိုင်လိုက်သည် ။

" ဘာလာလုပ်တာလဲ ခင်ထွေးမွန် "
ကံ့ကော်လှိုင် ထွေးကို မျက်ခုံးလေးပင့်ပြီးကြည့်လိုက်သည် ။

ကံ့ကော်ဝေသော//ကံ့ကော်ဝေသောOnde histórias criam vida. Descubra agora