ဘာလို့လဲ ယောကျာ်းနှစ်ယောက်ချစ်ခြင်းမို့အချိန်ကြာလာတော့ ငြီးငွေ့လာပြီလား....အေးလေ ယောကျာ်းနဲ့မိန်းမတောင်အတူတူနေတာများရင် ငြီးငွေ့လာတယ်မဟူတ်လား

လွှတ်ပေးသင့်ပြီလား........ ဒါပေမယ့် သူမယုံကြည်နိုင်သေး သူ့အတွက် အသက်ကိုရော ခန္တာကိုယ်ပါပေးပြီးချစ်ခဲ့တဲ့သူက အခုသူ့ကိုငြိီးငွေ့နေပြီဆိုတာ......

သဲပြင်ပေါ်တစ်ကိုယ်လုံးလှဲချ ပျောက်ကွယ်လုလုနေလုံးကိုကြည့်လိုက်တယ်.....လူတွေရဲ့အချစ်လည်း ဒီနေလုံးလိုပဲ အချိန်တန်ရင် ပျောက်ကွယ်သွားကြတာကို သူတစ်ချက်မေ့သွားခဲ့တယ် ပါးနဲ့မားနှစ်ယောက်လုံးကတစ်ယောက်ကိုတစ်ယောက်ချစ်လို့တစ်ဘဝထူထောင်ခဲ့ကြပေမယ့် အချိန်ကြာလာတော့ ရိုးသွားပြီး သူ့အသက်13နှစ်မှာ ကွာရှင်းခဲ့ကြတယ် တစ်ယောက်နဲ့တစ်​ယောက်လွတ်လပ်ခွင့်အပြည့်ပေးထါးခဲ့ကြတာပေါ့ ဒါပေမယ့် လူအများအသိုင်းအဝိုင်းကြားမှာပြောစရာဖြစ်မှာစိုးတာကြောင့် နှစ်ယောက်အတူတူတစ်အိမ်ထဲ သာနေခဲ့ကြပြီး တစ်ယောက်ကိစ္စတစ်ယောက်ဝင်မစွက်ဖက်ခဲ့ကြဘူး သူ့အသက်14နှစ်ကြတော့ အလုပ်ကိစ္စကြောင့်နှစ်ဉီးမဖြစ်မနေ လုပ်ရန်လိုတာမလို့ အတူတူသွားကြရာ လမ်းမှာ accidentဖြစ်ပြီးဆုံးသွားကြတယ်

အတွေးတွေဆုံးတော့ မျက်ရည်တွေကသဲပြင်ပေါ်တစ်ပေါက်ပြီးတစ်ပေါက်..... ရှောင်းကျန့်ကို သူမလွှတ်ပေးနိုင်ဘူး......ဘယ်လိုလုပ်ရမလဲ သူ့ဘဝရဲ့ထက်ဝက်နီးပါး အခုချိန်ရောအပါအဝင် တစ်လျှောက်လုံး အရေးကြီးဆုံးအစိတ်အပိုင်းတွေမှာ ရှောင်းကျန့်ကပါဝင်နေရာယူခဲ့ပြီးသားကို .....

----☘
အစီအစဉ်တွေအားလုံးနေရာတကျဖြစ်ပြီး အသည်းကို လိုက်ရှာတာ ဘယ်နေရာမှမတွေ့ ဖုန်းဆက်တော့လည်း ဖုန်းကအခန်းထဲမှာကျန်ခဲ့တာမလို့ ဆက်သွယ်လို့မရ .....အစီအစဉ်အရ အသည်းကို ခနလောက်လျစ်လျူရှုရမှာမလို့ အသည်းပြောသမျှဘူးတစ်လုံးဆောင် အကုန်ငြင်းခဲ့ရတာ......ညနေကအစီအစဉ်ကိုလတ်စသတ်ရမှာမလို့ စိတ်ရှုပ်သလိုပြောလိုက်မိတာကိုအသည်းအရမ်းစိတ်ဆိုးသွားတာ သိပေမယ့် လိုက်မသွားဖြစ်......

B O G(ZSWW)[Complete] Unde poveștirile trăiesc. Descoperă acum