"ကောင်မလေးကရော"

"ကောင်မလေးဆိုတာထက် ကလေးမလေးပါ။ 4နှစ်သမီးလေး အဲ့ဒီကလေးမလေးကိုတော့ ထပ်မတွေ့ဖြစ်သလို တွေ့လဲ သူကအရွယ်ရောက်နေလောက်ပြီ ငါမမှတ်မိလောက်ဘူး။ အဲ့ဒါကြောင့် သူ့ကိစ္စနဲ့ပတ်သတ်ပြီးတော့ လမ်းစပျောက်သွားတယ် မသိတော့ဘူး.."

"နောက်ဆုံးကယ်တင်ပေးလိုက်တာက​တော့ မင်းသူငယ်ချင်းပေါ့.."

"အင်း ငါ့သူငယ်ချင်း ဆိုင်ကယ်မှောက်ပြီးသေမယ့်ကိစ္စကို ငါထိန်းချုပ်ခဲ့မိလို့ ငါနဲ့ပြန်တွေ့ပြီး ၃လအကြာမှာသူ သေခဲ့ရပြန်တယ်။ အဲ့ဒီ​တော့မှ အချိန်ကိုရပ်တန့်နိုင်စွမ်းရှိတဲ့စွမ်းအားရဲ့ဆိုးကျိုးကို ငါသိခဲ့ရလို့ ​​သေကံပါလာတဲ့သူ​တွေကို ကယ်တင်ဖို့အတွက် ​နောက်ဘယ်တော့မှမသုံးတော့ဘူး ဆုံးဖြတ်ခဲ့ပေမယ့် ဒီနေ့တော့ငါတကယ်ကို မလွှဲသာမရှောင်သာဖြစ်ခဲ့တယ်။ ဒါပေမဲ့......"

"ငါပြောချင်တာအဲ့ဒီဟာပဲ Shane ။ မင်းဒီနေ့ ကောင်းဆက်ဂျေဒင်ရဲ့ ကံတရားကိုပြောင်းပစ်ခဲ့တယ်။ အဲ့ဒီရဲ့အဓိပ္ပယ်က နောက်လအနည်းငယ်မှာ ကောင်းဆက်တခုခုဖြစ်ရတော့မယ်"

"အဲ့ဒီလိုတော့ ငါလဲစဉ်းစားမိပေမယ့် ဒီနေ့သူ့အိမ်ကိုရောက်တော့ ငါ့အတွေးတွေကအတော်ကိုရှုပ်ထွေးသွားတယ်"

"ဘာဖြစ်လို့လဲ"

"အသက်၁၂နှစ်လောက်တုန်းက ကားတိုက်မှုကနေကယ်တင်ခဲ့တဲ့ သားအဖနှစ်ယောက်က ကောင်းဆက်နဲ့သူ့အဖေဖြစ်နေလို့ပဲ "

"ဘာာ!!!!! ဒါ...ဒါဆို....​ကောင်းဆက်အဖေက..."

"ဟုတ်တယ် သူ့အဖေက ဒီ​နေ့မှာ ငါနဲ့နောက်တကြိမ်ပြန်ဆုံခဲ့ပြီမို့လို့ ဒုတိယအကြိမ်မြောက် တ​ကျော့ပြန်​သေခြင်းတရားက တပတ်ပြန်လည်လာ​တော့မှာ။ ​သေခြင်းတရားကို သူကြုံတွေ့ရတော့မယ်။ ဘယ်အချိန်၊ ဘယ်ကာလလဲ ငါမသိပေမယ့် သိပ်မကြာတော့တဲ့အချိန်အတွင်းပဲ။ ​ကောင်းဆက်ရဲ့ခြံထဲလိုက်ဝင်ခဲ့မိတာကိုက ငါမှားတာ။ မဝင်ခဲ့ရင် သူ့အ​ဖေနဲ့ငါ ဆုံစရာအ​ကြောင်းမရှိဘူး။"

"အဲ့ဒီလိုလည်းမဟုတ်ပါဘူး။ မင်းလဲတမင်သွားတွေ့တာမှမဟုတ်တာ"

 ꜱɪɢɴꜱ ᴏꜰ ᴛʜᴇ ꜰᴀᴛᴇ  (ကံကြမ္မာချည်တဲ့ကြိုး)Where stories live. Discover now