" မင်းညလုံးပေါက်မအိပ်ပြန်ဘူးပေါ့လေ! ငါ့စကားကိုဘယ်ကြားသွားညှပ်လိုက်လဲဟမ်? ကြာရင်မင်းမျက်လုံးကန်းလိမ့်မယ်သိလား အလုပ်မရှိအကိုင်မရှိgameပဲဆော့နေလိုက်! "

သူဒီလိုပြောမှာကိုxzကသိနေတယ်လေ။ အ့တာကြောင့်အကြောင်းပြချက်ရှာပီးသား။

" ငါgameမဆော့ပါဘူးနော် ညကဟိုကောင်တွေနဲ့စာတွေဆွေးနွေးနေကြတာ မင်းမသိဘဲနဲ့လျှောက်မပြောစမ်းပါနဲ့ ''

ybကတော့ သူ့ကိုအနားရှိရင်ကိုင်ပေါက်မိလိမ့်မယ်ထင်တယ်။

" အဲ့စကားကိုအရူးပဲယုံလိမ့်မယ် ငါ့ကိုမင်းလိုငတုံးများမှတ်နေလား! "

xzကတော့ပါးစပ်တွေမဲ့ရွဲ့ကုန်တယ်။

မင်းပဲငတုံး! မင်းတို့တစ်မိသားစုလုံးငတုံး!

" တော်ပြီကွာ ငါအိပ်ချင်နေပီ! အော် ပီးတော့လေ ဟဲဟဲ..မင်းခုနေ့အပြင်သွားစရာရှိတယ်မလား အ့တာပြန်ရင်xxxဆိုင်ကကြက်ကြော်ဝယ်ခဲ့ပေး နော် ..ငါကအဲ့ဆိုင်ကကြက်ကြော်လေးကိုအရမ်းကြိုက်တာ ''

ybကတော့မျက်မှောင်ကြီးကြုတ်ရင်းကပဲ သက်ပြင်းချတယ်။

ငပျင်းကောင်! မှတ်လောက်သားလောက်အောင်ဆုံးမဖို့တော့လိုနေပီ! သူမကြိုက်တာဆိုလို့ ချီးပဲကျန်တော့တယ်!

" အင်း ဝယ်ခဲ့ပေးမယ် ဒါပဲလား? ကျန်တာဘာမှာစရာရှိသေးလဲ? "

"......''

သူသေချာနားထောင်ကြည့်တော့ xzကအိပ်ပျော်နေပီထင်တယ်။ အသက်ရှူသံမှန်မှန်လေးနဲ့။ ဒါကြောင့်မို့သူ့ဘက်ကနေပဲဖုန်းချလိုက်တယ်။
ပိတ်ရက်ဆိုybက ကုမ္ပဏီကိုလာရတယ်။ ကျောင်းပီးရင်ကုမ္ပဏီကိုဦးစီးဖို့အခုကတည်းကသူလေ့လာနေရတယ်လေ။
နေ့လည်၃နာရီလောက်ဆိုသူအိမ်ပြန်လာတယ် ။

xzကတော့အိပ်မက်ထဲမှာ ကြက်ကြော်တွေစားနေတယ်လို့မက်နေတယ်။ အပြင်မှာတော့ ဖက်လုံးကြီးကိုအားရှိပါးရှိဝါးနေတာ သွားရည်တွေတောင်စိုရွှဲလို့နေပီ။

ရှောင်းမားကတော့ နေ့လည်စာစားချိန်တောင်မထသေးတဲ့သူ့သားကို အမြင်ကတ်ပုဒ်မနဲ့တမင်သွားမနှိုးတော့ဘူး။

ကျွန်တော့်ချစ်သူ ဆိုးပေလေးNơi câu chuyện tồn tại. Hãy khám phá bây giờ