" Adam မနက်ဖြန်မှ ငါလာမယ် နင်တစ်ယောက်တည်းအဆင်ပြေရဲ့လား အာ..နင့်အင်ကျီက.. ''

မိန်းကလေးက အနွေးထည်တွေထဲမှာမြုပ်နေပြီး Adam ရဲ့ သွေးစက်တွေပေပွနေတဲ့ သိုးမွေးအင်ကျီအဖြူကိုညွှန်ပြရင်းမေးလာသည်။

" အာ..ငါနားချင်ပြီ ''

" အင်း အဲ့တာဆို ငါမနှောက်ယှက်တော့ဘူး ပြန်တော့မယ် ''

ပြန်သွားတဲ့မိန်းကလေးကို နူတ်ဆက်ပြီး အိမ်ထဲဝင်ခဲ့လိုက်တော့သည်။

Adam ရဲ့ အိမ်လေးက မကျဉ်းမကျယ်အနေအထားလေးဖြစ်ကာ အိပ်ခန်း၃ခန်း သန့်ရှင်းတဲ့မီးဖိုခန်း နဲ့ ထမင်းစားခန်းငယ် ၊ ဧည့်ခန်းအလတ်လေးနဲ့ တကယ်ကို ကောင်းမွန်တဲ့ အိမ်ဖြစ်သည်။

တစ်ထပ်အိမ်ဖြစ်ပြီး မြေအောက်ခန်းတစ်ခုလည်း ပါသေးသည်။

Adam ရဲ့မှတ်ဉာဏ်အချို့ကြောင့် သူ့အိပ်ခန်းလို့ယူဆရတဲ့နေရာဆီ ဝင်ခဲ့လိုက်သည်။

အခန်းထဲကို လင်းစေဖို့ မီးခလုတ်ဖွင့်လိုက်ချိန်မြင်လိုက်ရသည့် အရာကြောင့် လန့်သွားရသည်။

နံရံပေါ်က ဆွဲထားသည့် ကိုယ်ထည်မဲမဲ မျက်လုံးနီနီ သရဲပုံကြီးနဲ့ တခြားမှင်စာလိုလိုဘာလိုလိုပုံတွေက အသက်ဝင်လွန်းတဲ့အတွက်လန့်ပြီးညည်းတွားလိုက်မိသည်။

" ဘာတွေလဲဟ...ဂမ္ဘီရကမ္ဘာလား. ငါက ဒီကမ္ဘာမှာ သရဲဖမ်းရမယ်လို့တော့မပြောနဲ့နော်''

" သိပ်ဟုတ်တာပေါ့ အစ်ကိုရှောင်းရယ် ''

" အာယား..မားမား!!...သောက် Kitty စုတ်''

ဘွားခနဲပေါ်လာသည့် Kitty က အသံရောရုပ်ရော ပေါင်းပြီး ကြောက်စရာဖြစ်နေသည်။

*သွား.. ဘာမှ ချစ်စရာကောင်းမနေဘူး..။*

" ဘယ်အချိန်ကတည်းက ရောက်နေတာလဲ ''

ရှောင်းကျန့်ရဲ့ အမေးကြောင့် Kitty က ကြောင်ပြုံးကြီးပြုံးလိုက်သည်။

" ကြာနေပေါ့ အစ်ကိုရှောင်းသာမသိတာ ''

" ကဲ.. အဲ့တာ ထားပါတော့..ငါ့ကို ဇာတ်ကြောင်းလေးပြောပြ''

Peculiarly System [Completed ]Opowieści tętniące życiem. Odkryj je teraz