🖤 ပထမဆုံး Heat ဝင်ခြင်း 🖤

En başından başla
                                    

သူ့ရဲ့အကြီးမားဆုံး အားနည်းချက်က လူတွေနဲ့စကားမပြောတတ်တာပဲ့။ သူ့အသက်အရွယ်ထိ တစ်ယောက်ထဲ နေလာခဲ့တာ သူမှာစကားပြောဖော်ဆို ဒေါက်တာချင် တစ်ယောက်ထဲရှိခဲ့တယ်။

ကျောင်းမှာသူ့ကို Beta ဒါမှမဟုတ် Alpha လို့ခန့်မှန်းတဲ့သူတွေအများကြီးရှိခဲ့တယ်။ သူ့မှာ ဟော်မုန်းအနံမရှိတဲ့ beta တစ်ယောက်လိုဖြစ်နေပြီး ခန္ဓာကိုယ်အချိုးအစားက alpha တစ်ယောက်လိုဖြစ်နေခဲ့လို့ပေါ့။ ကျောင်းမှာအခက်ခဲဆုံးက လူတစ်ယောက်ကို စိတ်ဝင်စားမိတာပဲ့။ သူဒါကိုဘယ်လိုအဓိပ္ပါယ်မှန်းမသိခဲ့ဘူး။ အဲ့ဒီလူတစ်ယောက်ကို ကြည့်ရတာသဘောကျတယ်။ သူပြန်ကြည့်ရင် ရှက်သလိုလို သူခိုးလူမိသွားသလို ခံစားခဲ့ရတယ်။ ဒါမဲ့တစ်ဖက်လူက
သူ့ရဲ့အေးစက်စက်ဖြစ်နေခဲ့တယ်။ သူ့ကိုအမြဲမုန်းနေခဲ့သည်။

ပုံမှန် omega တစ်ယောက်က အသက် ၁၈ နှစ်မှာပထမဆုံးheat ဝင်တယ်တဲ့။ ဒါမဲ့ကျန့်ယွင်လေးက အသက်၁၈ နှစ်ကို ဘုမသိဘမသိနဲ့ ဖြတ်ကျော်သွားခဲ့ရသည်။ သေချာတာက တားမြစ်ဆေးတွေကြောင့်ပေါ့။ အသက် ၂၅ နှစ်မှာဆေးတွေကို တိတ်တိတ်လေးမသောက်ပဲ ပြစ်လွှတ်တက်ခဲ့တယ်။ ဒါမဲ့လွန်ခဲ့တဲ့ အနှစ်၂၀ လုံးသောက်ခဲ့ရတဲ့ ဆေးအာနိသင်တွေကြောင့် ပုံမှန်ပြန်ဖြစ်မဖြစ် မသိတော့ဘူး။ အခုအသက် ၃၀ ပြည့်တော့မည်။

ဟက် အခုထိထိန်းချုပ်တာ ခံနေရတုန်းပေါ့။ ဘာလို့အဖေတို့အဲ့လိုလုပ်ခဲ့လဲဆိုတာ ရှင်းနေတာပဲ့။ အခုC မြို့တော်က Alpha တွေကိုဦးစားပေးတယ်။ ကျန်းမိသားစုရဲ့ အမွေအားလုံးကို ဆက်ခံရမဲ့သူက Alpha ဖြစ်နေမှရမယ်တဲ့။ ဆွေမျိုးတွေထဲမှာ alphaမျိုးဆက်တွေရှိပေမဲ့ ကျန်းအဖိုးကြီးက ကျန့်ယွင်လေးကိုဦးစားပေးတယ်။ တကယ်လို့ ကျန့်ယွင်သာ omega ဆိုတာသိသွားရင် အမွေတွေကျန့်ယွင်လေးရတော့မှာမဟုတ်ဘူး။

ဒါကြောင့်ကျန့်ယွင်လေးကို omega ဆိုတဲ့အချက်ကိုဖုံးကွယ်ထားကြသည်။ အိုး....မိထွေးက ကိုယ်ဝန်မဆောင်နိုင်တော့ ကျန့်ယွင်ကသာ အဓိကဓားစာခံကောင်လေးတစ်ယောက်ဖြစ်ခဲ့ရသည်။

" ရှောင်ကျန့်.... "

အတွေးတွေများနေတုန်း ဒေါက်တာချင် နဲ့ထပ်တွေ့တယ်။ ချင်လျှိထုံက ဆက်ပြောသည်။

I never said " Alpha "Hikayelerin yaşadığı yer. Şimdi keşfedin