39. New Rival Spotted

6.7K 1K 267
                                    

၃၉. ရန်သူတော်အသစ်ပေါ်လာပြီ။

နှာဘူးခွေးလေး နင်ယန်ဟာ ထပျံမတတ်ဖြစ်သွားတယ် !

အဲ့ညမှာ သူ လင်းရုန်ရဲ့အိပ်ရာထဲ အိပ်ခဲ့ရုံမက လင်းရုန််ရဲ့ရင်အုပ်ကြွက်သားတွေကို နာရီ၀က်လောက် ပယ်ပယ်နယ်နယ် ကိုင်ခဲ့တယ် !

အဲ့တစ်လျှောက်လုံး လင်းရုန်က ငြိမ်ငြိမ်ကလေးနေပြီး၊ သူ့ကို ကြိုက်သလောက် ကိုင်ခွင့်ပြုတယ်။ သူ့အမူအရာက လုံး၀ကို တည်ငြိမ်အေးဆေးတဲ့အပြင် နင်ယန်ကို အားပေးတိုက်တွန်းတဲ့အပြုံးနဲ့တောင် ကြည့်လာသေးတယ်။

နင်ယန် တစ်ဖက်လူရဲ့ရင်အုပ်ကို အားပါးတရ ကိုင်ပြီးသွားတော့ အဲ့ပေါ်လှဲအိပ်ပြီး ညည်းညူပါတော့တယ်။

လူအဖြစ်ပြောင်းနိုင်ရင် သိပ်ကောင်းမှာပဲ ! လူမြန်မြန် ပြန်ဖြစ်ချင်နေပြီ ; ဟိုဟာ၊ ဒီဟာလုပ်ချင်နေပြီလို့....

အဲ့ညမှာ သူ ဖော်ပြလို့မဖြစ်တဲ့ အိပ်မက်တစ်ခု မက်ခဲ့တယ်။ အိပ်မက်ထဲမှာ သူက လင်းရုန်ရဲ့ရင်ဘတ်‌ကြွက်သား ပတ်ပတ်လည် ကဆုန်ပေါက်လို့နေတယ်။ ဒါပေမဲ့ တစ်၀က်တစ်ပျက်မှာပဲ သူ့ခြေထောက်အောက်က မြေကြီးက စတင်ပြီးလှုပ်ရှားလာတယ်။ သူ အောက်ကို လှိမ့်ကျသွားတယ်။ အထိတ်ထိတ် အလန့်လန့်နဲ့ သိလိုက်ရတာက သူ တစ်ဖက်လူရဲ့၀မ်းဗိုက်ကြွက်သားတွေကြား ညပ်နေသတဲ့ !

ကြွက်သားက ၈ ခု‌တောင် ရှိတယ် !

နင်ယန်ရဲ့မျက်လုံးတွေက စိတ်လှုပ်ရှားမှုကြောင့် လက်လက်ထနေတယ်။ သူ့အားအင်တွေတောင် ပြန်ပြည့်လာတယ်။ ကြွက်သား ၈ ခုက သူ့ကို လက်ယပ်ခေါ်နေသယောင် မြင်မိသွားတယ်...

အဲ့ဒီညမှာပဲ တစ်ဖက်လူကတော့ လက်နှစ်ဖက်ကို ၀မ်းဗိုက်ပေါ် စုတင်လို့ ကျောက်ရုပ်တစ်ရုပ်လို လှဲအိပ်တယ်။

တိတ်ဆိတ်မှုအကြား သူ ရုတ်တရက် မျက်လုံးဖွင့်လိုက်တယ်။

အိပ်မပျော်ဘူး။

ဘေးနား လှည့်ကြည့်တော့ အလွယ်တကူ အိပ်ပျော်သွားပြီ‌ဖြစ်တဲ့ ခွေးလေးက သူ့ခြေလက်တွေကို လေထဲမြောက်ထားတယ်။ ‌အနှီခြေလက်တွေက အရူးအမူး ဝှေ့ရမ်းနေပြီး အမြီးလည်း နှံ့နေတယ်။

After Being Turned Into a Dog [Translation - U+Z]जहाँ कहानियाँ रहती हैं। अभी खोजें