Part-1

422 34 2
                                    

Unicode

" သား ဒါက ကင်မ်ထယ်ဟီး တယ့် သားမေမေလေးပေါ့"

အဖေဖြစ်သူ၏ ခေါ်လာသော နောက်မိန်းမဖြစ်သူကို Park Jimin တစ်ယောက်ပြုံး၍ ပြကာ

"တွေ့ရတာဝမ်းသာပါတယ်ခဗျ "

Mr Park တစ်ယောက်လည်းဝမ်းသာမိသည် အမှန်ဆိုသူ့သားငယ်လေးပေါက်ကွဲမယ်ထင်နေမိတာ

သူမအား ပြုံး၍ နူတ်ဆက်လာသောကောင်လေးကြောင့် ကင်မ်ထယ်ဟီး တစ်​ယောက်လည်းပျော်မိသည် ။

အမှန်ဆိုကိုယ်က ဒုတိယဝင်လာတယ့်သူမို့်လား သူမကြောင့် ဒီကလေးငယ်ကို စိတ်ဒဏ်ရာမရစေချင် သို့ပေမယ့်... မနှစ်ကမှပြန်၍ ဆုံမိသော ငယ်ချစ်ဦးက အမေတစ်ခုသားတစ်ခုဖြစ်နေသော သူမတို့ဘဝကို ကယ်တင်ဖေးမပါရစေဟုဆိုကာအကြောင်းဖန်လာလေသည်။ သူမလည်း သားဖြစ်သူဘဝရှေ့ရေး ကြောင့် သိပ်မတွေဘဲ
Mr Park ၏ လက်ထပ်ခွင့်ကိုလက်ခံခဲ့လိုက်သည်။
သူမမှာ တကယ် ဘာ မက်မောမှုမှာမရှိပါ ထို့ကြောင့် ဂျီမင်းလေးကိုလည်းသူမသားအရင်သဖွယ်စောင့်ရှောက်ချင်မိပါသည်။

"အို...အကို့သားလေးကလိမ်မာလိုက်တာ "

"ဒါနက် ပါးပါး သူက... "

Mr Park ရယ့်နောက်မှာကွယ်နေသော ကောင်လေးငယ်လေးကို ညွှန်းပြခြင်းဖြစ်သည်။

"အာ...ဒါက အန်တီရယ့်သား ကင်မ်ထယ်ယောင်းပါ ကွယ်"

ဂျီမင်းတစ်ယောက် သူ့ရှေ့မှာ မြင်နေရသော ဖန်ကြွေရုပ်အလား ချစ်စရာကောင်းတယ့်ကောင်လေးကိုကြည့်နေမိသည်။

" ကင်မ်ထယ်ယောင်းတယ့်လားနာမည်က လာပါအုံး ကိုကိုဆီ "

အသက် 4နှစ်အရွယ်သာသာ ရှိသော ကင်မ်ထယ်ယောင်းလေးသည် ​ကြောက်ရွံစွာဖြင့် ပတ်ဂျီမင်း ရှေ့သို့သွားလိုက်သည်။

"ညီလေးနာမည်ဘယ်လိုခေါလည်း ကိုကို့ ကိုပြောပါအုံး"

ကင်မ်ထယ်ယောင်း၏ ရှေ့၌ ဒူးလေးထောက်ကာ ဆိုလာသော ဂျီမင်း

" ကင်မ်...ကင်မ်ထယ်ယောင်းပါခမျ.."

အသံလေးတွေတုန်ရီစွာထွက်လာသော ကလေးငယ်ကြောင့် ဂျီမင်း ထင်မိသည် ကလေးငယ်က သူကိုကြောက်နေတာဖြစ်မည်ဟု။

"Clinging love"Opowieści tętniące życiem. Odkryj je teraz