"စစ်သူကြီးဝမ် ကိုယ်တော်ခိုင်းထားတာဘယ်လိုလဲ"
"အမတ်ချုပ်နဲ့အပေါင်းအပါများကို ဖမ်ချုပ်ထားပြီး ဦးဆောင်သူတွေကို သုတ်သင်ပြီးကြောင်းပါ"
သူသိသည်။ ညီလာခံတွင်အမတ်ချုပ်အတွက်အသနားခံပေးမည့်လူများရှိနေဦးပေမည်။
ထို့ကြောင့် သူကလည်း ညီလာခံသဘင်မတိုင်ခင်အကုန်လုံးကိုရှင်းလင်းပစ်လိုခြင်းပင်။
“အရှင် မိဖုရားခေါင်ကြီးရဲ့ ရာထူးကမြင့်တာကြောင့်မို့ အရှင့်အနေနဲ့ သုတ်သင်ဖို့မသင့်တော်ကြောင်းပါ”
“ဪ ဟုတ်စ၊ ကိုယ်တော့်ကိုသတ်ဖို့ကြံစည်သူကို ကိုယ်တော်က ဘာလို့မရှင်းပစ်ရမှာလဲ”
“ ဒါပေမယ့်…”
“တော်ပြီ ဆက်ပြောရင်ပုန်ကန်သူတွေနဲ့ အဆက်အသွယ်ရှိတယ် သတ်မှတ်ပြီး ပြစ်ဒဏ်ချမယ် !!!”
စကားအဆုံးတွင် ညီလာခံတစ်ခုလုံးအပ်ကျသံမကြားရအောင် တိတ်ဆိတ်သွားလေသည်။
"ပြစ်ဒဏ်က ပေးပြီးပြီဆိုတော့
ဆုပေးတဲ့အကြောင်းပြောကြရအောင် အားလုံးသိတဲ့အတိုင်း ရှီဒုစစ်သူကြီးက ကိုယ်တော့်ကိုအသက်စွန့် ကယ်တင်ပေးခဲ့တာ ရာထူးထပ်တိုးဖို့ကလည်း ဟိုးအစကတည်းက သူမအထက်မှာ ရှီစစ်သူကြီးချုပ်ပဲရှိတာမို့ အဆင်မပြေပြန်ဘူး အမတ်မင်းတို့စဉ်းစားမိတာများရှိသေးလား"
"...."
နဂိုကတည်းကဆူညံခြင်းမရှိနေသော ညီလာခံသဘင်တစ်ခုလုံးမှာ ပို၍ တိတ်ဆိတ်သွားလေသည်။
"ထိုက်ဖူး အနေနဲ့ရောဘာများအကြံပေးချင်တာမျိုးရှိလဲ"
မည်သူမှဘာမှမပြောသည့်အခါ ဧကရာဇ်က သူ့ဆရာဖြစ်သူ လီမော့ချင်း ထံလှည့်သွားလေသည်။
အနှီလီမျိုးရိုး ဆရာဖြစ်သူမှာ ဧကရာဇ်အရှင်က ဆရာဟုခေါ်နေသော်လည်း မည်သည့်ပညာမှသင်ကြားခဲ့ခြင်းမရှိသလို နှစ်ဦးကြားတွင် ဆရာတပည့် ဟူသည့် ခံစားချက်မျိုးလည်းမရှိပါချေ။
ဤသည်မှာ ယခင် ဧကရာဇ်ဖြစ်သူနတ်ရွာမစံခင် စီစဥ်ခဲ့သော အစီအစဥ်တစ်ခုသာဖြစ်သည်။
![](https://img.wattpad.com/cover/286928453-288-k73647.jpg)
Chapter 2
ابدأ من البداية