Unconventional Blessing

1.9K 230 10
                                    

ငါ့နာမည်က Xu Ji
Sex: Male
ငါ လူတယောက်ကို crush နေတာ ၂ နှစ် ရှိပြီ။ သူ့နာမည်က Chen Yuan တဲ့။
Sex: Male

လွန်ခဲ့တဲ့ ၂ နှစ်ခွဲ.... ငါတို့ အထက်တန်းပထမနှစ်ကို စတက်ကြတုန်းက သူက ကျောင်းသားခေါင်းဆောင်အသစ်ပဲ။ အဲ့နေ့က သူ စင်မြင့်ပေါ်မှာရပ်ပြီး နေရောင်ခြည်လေးလို တောက်တောက်ပပပြုံးနေတာကို ငါ အမြဲတမ်း မှတ်မိနေမှာ.... အရမ်းကို နွေးထွေးတာပဲ။ အဲ့နောက်မှာတော့ ဒီနေမင်းလေးဆီကို တိုးကပ်သွားချင်တဲ့ဆန္ဒတွေက ထိန်းမရနိုင်တော့ဘူး....

အထက်တန်းက အတော်လွတ်လပ်တယ်.... ကိုယ်အဆင်ပြေတဲ့နေရာမှာ ရွေးပြီး ထိုင်လို့ရတယ်။ အဲ့ဒါနဲ့ ငါ သေချာလေး စဉ်းစားတွက်ချက်ခဲ့တယ်။ သူရေဘူးကိုင်ထားတုန်းမှာ ငါ့ကို ဝင်တိုက်မိအောင် လုပ်ခဲ့တယ်.... ရေတွေ ငါ့အပေါ် ဖိတ်ကျကုန်တာပေါ့။ မြောက်ပိုင်းဒေသရဲ့ August လကုန်အချိန်လောက်မှာ ရေအေးတွေ ကိုယ်ပေါ်မှာ စိုရွှဲသွားတော့ နည်းနည်းတော့ စိတ်ငြိမ်သွားစေတယ်။

သူ ငါ့ကို တောင်းပန်ခဲ့တယ်။ ငါ တမင် မျက်မှောင်ကြုတ်ပြီးမှ အဆင်ပြေပါတယ်လို့ ပြန်ပြောလိုက်တယ်။
သူက ငါ့အတန်းကို မေးလာခဲ့တယ်။
ငါက ပထမနှစ် လို့ ပြန်ဖြေတယ်။
သူက ရုတ်တရက် စိတ်လှုပ်ရှားသွားပြီး သူရောပဲတဲ့။

ငါ စိတ်ထဲကနေ ပြုံးလိုက်တယ်... သေချာပေါက် မင်းရောပဲဆိုတာ ငါသိတာပေါ့။

အပြစ်ရှိတယ်လို့ ခံစားရလို့လား ဒါမှမဟုတ် အတန်းထဲမှာ သူ သိတဲ့ တဦးတည်းသောသူက ငါဖြစ်နေလို့လားဆိုတာတော့ ငါမသိဘူး_ _ တမင်သက်သက် မတော်တဆမှုကို ဖန်တီးခဲ့သူ 'ငါ' ပေါ့

အတိုချုပ်ပြောရရင်တော့ သူက ငါ့ကို ဆွဲခေါ်သွားပြီး နောက်ဆုံးတန်းရဲ့ ရှေ့အတန်းမှာ နံရံနဲ့ ကပ်ပြီးသွားထိုင်တယ်။ သူပြောတာက ဒီနေရာက လုံခြုံတဲ့နေရာတဲ့။
နောက်၊ ရှေ့၊ ဘယ်၊ ညာ ... အကုန်လုံးက ကွယ်နေတယ်တဲ့။

အဲ့အချိန်မှာ ငါ အတော်တည်ငြိမ်နေတယ်လို့ ထင်ရတယ်မလား? တကယ်ကတော့ ငါ သူ့ကို စကားပြန်ပြောချင်ပေမယ့် သူ မကြိုက်တဲ့တခုခုကို ပြောမိသွားမှာကြောက်တယ်... အဲ့ဒါကြောင့် ငါ တိတ်တိတ်လေးနေဖို့ပဲ ရွေးလိုက်တာ။

Unconventional BlessingTempat cerita menjadi hidup. Temukan sekarang