*ကိုကို..*

ကော်ဇော်နီ၏ ထိပ်တွင် ဘောင်းဘီထဲ လက်ထည့်ကာ ရိပေါ်အား ပြုံးရယ်ပြီး ကြည့်နေသည့် ကိုကို။ ရိပေါ်ဆီကိုပဲ တစ်စိုက်မက်မက်ကြည့်ကာ ခန့်ညားစွာ ရပ်နေ၏။

*ဟဲ့ အဲ့တာ Xiao group CEOမလား*

*အမလေး သူ့ကောင်လေးကို လက်ထပ်ခွင့်တောင်းတာထင်တယ်*

*ရိုချက်က ငါတို့သေလို့ရပြီဟဲ့*

ရိပေါ် ကော်ဇော်နီပေါ် တစ်လှမ်းချင်း လျှောက်လာ၏။ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ဒူးတွေ ခွေကျမတတ် ရင်တွေခုန်နေသည်။ လက်တွေလဲ အေးစက်နေကာ ဘယ်ကနေဘယ်လို ငိုချင်စိတ်တွေ ဖြစ်လာမှန်းမသိတော့။

အားလုံးက လက်ခုပ်တွေ ဝိုင်းတီးကာ ဓာတ်ပုံတွေ ရိုက်နေကြသည်။ ရိပေါ် ရှောင်းကျန့်အရှေ့ ရောက်သွားသည်နှင့် ရိပေါ်ရှေ့ ဒူးထောက်လာသည့် ကိုကို။ ရှောင်းကျန့်သည် သူ့အရှေ့တွင် ဒူးထောက်မှုဟာ ဒါ ဒုတိယအကြိမ်ဖြစ်သည်။

*ကိုယ့်ကို လက်ထပ်နိုင်မလား အဆိုးလေး*

တန်ဖိုးကြီး လက်စွပ်လေး တစ်ကွင်း။ ပန်းတွေပျံ့ကြဲနေသည့် ကော်ဇော်နီတစ်ခု။ သီချင်းသံအေးအေးလေး။ အားကျသည့် အကြည့်တွေဖြင့် ကြည့်နေသည့် လူများ။ ပြီးတော့ ရိပေါ်အချစ်ရဆုံးသော သူ။ ရိပေါ် ငိုကာ သူပါ ဒူးထောက်လိုက်ပြီး ရှောင်းကျန့်၏ လည်တိုင်အား ပွေ့ဖက်ကာ ပုခုံးပေါ် ခေါင်းမှောက်ပြီး ငိုချလာ၏။ ခေါင်းလေးကလဲ တစ်ဆက်ဆက်ညိမ့်ကာ

*ငါက မင်းကလွဲပြီး ဘယ်သူနဲ့မှ ငါ့ဘဝကို စလဲမစချင်သလို အဆုံးလဲ မသတ်ချင်ဘူး ကိုကို။ ငါ မင်းကို အများကြီး ချစ်တယ်*

*ကိုယ်လဲ မင်းကို အများကြီးချစ်တယ် ရိပေါ်*

ရိပေါ်၏ မျက်နှာလေးအား လက်ဖြင့် မ,ယူလိုက်ပြီး အနမ်းနုနုလေး ဖန်တီးပေးလိုက်သည်။ အားလုံး၏ လက်ခုပ်သံတွေက ပိုကျယ်လာသလို အားကျသံတွေကလဲ Mallတစ်ခုလုံးဆီပျံ့နှံ့နေသည်။ ကွမ့်ကျွင်းလဲ အပေါ်ထပ်ကနေဘော့စ်နှင့် ရိပေါ်ကို ကြည့်ကာ ပျော်သည်။

သူ့အစီအစဉ်လေးက ကောင်းကောင်းမွန်မွန်ပြီးမြောက်သွား၍ အခုမှပင် စိတ်အေးနိုင်တော့သည်။Xiao group၏ CEOသည် သူ့ကောင်လေးအား လူအများကြားတွင် ဒူးထောက်ကာ လက်ထပ်ခွင့်တောင်းသည့်ကိစ္စသည် ခနလေးအတွင်းတင် နာမည်ကျော်သွားတော့၏။

For..Where stories live. Discover now