သူတောင် တစ်ခါတရံချောမောလှသော မိန်းကလေးအားမြင်လျှင် ကြည့်တတ်သေးသည်ပဲ။ ထွေထွေထူးထူးစိတ်ထဲ ထားစရာမလိုပေ။ ရှက်ခြင်းလည်းလုံးဝမဖြစ်။

သို့သော် အရာဂီစိုက်ကြည့်ခြင်းခံရလျှင် ကတ်နက်ဖေးသည်အတန်ငယ်ရှက်လာမိသည်။ သူ၏ တစ်ကိုယ်လုံးသည် ဖိန်းရှိန်းလာတာ နေရထိုင်ရခက်လာ၏။

စူးရှသော မျက်ဝန်များအား သူအကြာကြီးမကြည့်နိုင်ပေ။ အရာဂီ၏ မျက်ဝန်းသည်အတော်ပင်စူးရှကာ ညို့ဓာတ်ပြင်းသည်။သြဇာအာဏာရှိသည်။ ရက်စက်သည်။ မောက်မာသည်။

ကတ်နက်ဖေးသည် စောင်အဖြူကြီးအား ခါးအောင်ပိုင်းနားအထိ ဆွဲကာခြုံလိုက်၏။ထို့နောင်သူသည် ဘေးနားမှ အရာဂီကိုပါ စောင်ခြုံပေးလိုက်သည်။

"စောင်ခြုံနော် ၊ ရာသီဥတုက နည်းနည်းအေးချင်တယ်"

"အင်း"

အရာဂီသည် သူ၏ စကားကိုနားထောင်ပြီးစောင်အဖြူကြီးအားဆွဲခြုံသည်။ ကတ်နက်ဖေးသည်လည်း အရာဂီအားလှည့်မကြည့်တော့ဘဲကျောခိုင်းကာ မျက်လုံးမှိတ်ထားလိုက်သည်။

သူသည် ခေါင်းအုံးနှင့်ခေါင်းထိလျှင်အိပ်ပျော်သွားတတ်သည့်လူမျိုးမဟုတ်။ အိပ်ဖို့တော်တော်လေးအချိန်ယူရသည်။

ဖုန်းမသုံးတော့ဘဲ စောင်ကိုခါးအထိခြုံထားရင်းငြိမ်နေလိုက်၏။ ကတ်နက်ဖေးသည် အိပ်ပျော်ခါနီးဆဲဆဲတွင် သူ၏ နားသယ်စသည် တစ်စုံတစ်ခု၏ ထိကပ်ခြင်းကိုခံလိုက်ရသည်။

သူသည် လုံးလုံးလျားလျားအိပ်မပျော်သေးတာကြောင့် ထိုခံစားမှုအားသိလိုက်ရသည်။ အသက်ပင်အောင့်ထားမိသည့်အထိ ၊  မျက်လုံးပြူးသွားတဲ့အထိပင်။

သူသည် စောင်စကိုတင်းတင်းဆုပ်ကိုင်ထားမိသည်။ အောက်နှုတ်ခမ်းအာဖိကိုက်ကာ မျက်လုံးပြူးရင်း လူသေပမာ တောင့်တောင့်ကြီးဖြစ်နေလေသည်။

အမှန်တကယ်ပင် အရာဂီသည်နားသယ်စအား သူ၏ နှာခေါင်းဖြင့်ပွတ်ဆွဲသွားခြင်းပင်။ ကတ်နက်ဖေး၏ ရင်ထဲတွင် ဝုန်းဒိုင်းကြဲနေလေ၏။

သူသည် တော်တော်ပင်နေရခက်လာသည်။ နောက်ကိုလှည့်ပြီး ခင်ဗျားဘာလုပ်တာလဲလို့မေးပစ်ချင်ပေမဲ့ လှည့်တောင်မကြည့်ရဲ။

ARAGI : Son Of Set जहाँ कहानियाँ रहती हैं। अभी खोजें