အကယ်၍ ဤအကြောင်းအရာသည်ကား မနက်ဖြန်မနက် သတင်းစာခေါင်းကြီးပိုင်းတွင်ပါလာခဲ့ပါမူ မည်သူ့ကိုအပြစ်တင်ရပါမည်နည်း? ဤကိစ္စကိုမည်ကဲ့သို့ရှင်းပြရပါတော့မည်နည်း?

အားလော့ကျင်းကတော့ ဂရုမစိုက်ပါချေ။ ၎င်းမှာ သူ့ခြေထောက်အောက်တွင် လိပ်ပြာကြီးကိုနင်းထားလျက် လေထဲ၌ပြောင်ပြောင်တင်းတင်းပင်ပျံသန်းလို့နေသည်။ ဟိုတယ်မှာ မြို့၏အလယ်ဗဟိုတွင်တည်ရှိနေတာဖြစ်ပြီး အနီးတွင် ယာဉ်လမ်းကြောအချက်အချာနေရာများလည်းရှိနေသည်။ အရှေ့ဘက်တွင် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနေသော အထပ်သုံးထပ်ဖြင့်ဖွဲ့စည်းထားသည့် အဝေးပြေးလမ်းမကြီးတစ်ခုရှိလေသည်။ အဆိုပါယာဉ်မောင်းများသည်ကား ကောင်းကင်ထက်သို့ တစ်ချက်မျှမော့ကြည့်လိုက်ရုံနှင့်ပင် ဧရာမစွန်ကြီးတစ်စင်းကိုမြင်တွေ့သွားနိုင်မည်ဖြစ်သည်။ ယခုညအချိန်၌ လမ်းမကြီးပေါ်တွင်ဖြတ်သန်းသွားလာနေသော မော်တော်ယာဉ်များ များများစားစားမရှိတော့သော်ငြား အကယ်၍ တစ်စုံတစ်ယောက်ကသာ သူတို့၏ဦးခေါင်းကို အမှန်တကယ်မော့ကြည့်လိုက်မည်ဆိုပါက အဘိုးကြီး အားလော့ကျင်းနှင့်အတူ သူ၏စီးတော်မြင်းကြီးကိုမြင်တွေ့သွားနိုင်ကာ သေချာပေါက်ကို အကြီးစားယာဉ်မတော်တဆမှုများဖြစ်သွားပေလိမ့်မည်။

 
ယခင်တစ်ခေါက်တုန်းက လူသားဧကရာဇ် ပိရှနှင့် အနှီပုဂ္ဂိုလ်တို့ တစ်ယောက်နှင့်တစ်ယောက်တိုက်ခိုက်ကြစဉ်အခါက တောင်ကြီးတစ်တောင်လုံးပြိုကျသွားခဲ့ရတာဖြစ်သည်။ အနှီတောင်ကြီးမှာ အရိုးစုများနှင့်သာပြည့်နှက်နေခဲ့သောတောင်ကြီးတစ်တောင်ဖြစ်သည့်အတွက် မည်သူကမှစောဒကတက်ခြင်းမရှိခဲ့တာဖြစ်သည်။ သို့သော် အထပ်လေးဆယ်ကျော်ရှိသည့် ဤဟိုတယ်ကြီးကတော့ ပြိုကျသွားလို့မဖြစ်ပေ!

သူ့ကို အဝေးသို့မျှားခေါ်သွားရမည်။

ရွှမ်းကျီးမှာစိတ်ထဲတွင် ထပ်ခါတလဲလဲစဉ်းစားတွေးတောလိုက်ပြီးသော် ချက်ချင်းဆိုသလိုပင် စတင်ထွက်ပြေးသွားလေတော့သည်။ သူက ခြောက်လွှာရှိ ပေါ်တီကိုပေါ်မှ အောက်သို့ခုန်ချလိုက်သည်။

သောကမီးလျှံHikayelerin yaşadığı yer. Şimdi keşfedin