Jungkook အဖိုးတို့ အပြင်မှာနေဖို့ အဆင်ပြေကြောင်း ဟုတ်မဟုတ် ထပ်မေးပြီးကာမှ အဖိုးတို့အစီအစဥ်ကို ဝမ်းမြောက်စွာ လက်ခံလိုက်တော့သည်

"Jungkook.. ငါတို့ မင်းကို ယုံကြည်တယ်နော်...ငါတို့ Jin လေးကို သေချာစောင့်ရှောက်ပေးပါကွာ "

"ဖိုးဖိုး...ဘာလို့ နောက်ဆုံးတွေ့တဲ့ ပုံစံကြီးနဲ့ နှုတ်ဆက်နေတာလဲ.. အဓိပ္ပါယ် မရှိတဲ့ စကားတေ​ွ ပြောမနေနဲ့လေ"
Jin သူ့ဖိုးဖိုးရဲ့ နှုတ်ခမ်းလှုပ်ရှားမှုကို ကြည့်ပြီးတော့ စိတ်တိုလာသလို ဝမ်းနည်းစိတ်ကြောငိ် မျက်ရည်တွေ ဝဲလာပြီး ထအော်တော့သည်

"Oh! အဲ့လို အဓိပ္ပာယ် ဖြစ်သွားတာလား...တောင်းပန်ပါတယ် ကလေးရယ်..ဖိုးဖိုးတို့က ပြန်လာမှာပါ ဒါပေမယ့် နောက်ကျမှာဆိုတော့ ဖိုးဖိုးတို့ ပြန်မလာခင် သားတို့ လုပ်စရာရှိတာ လူပ်ထားလို​့ ရအောင် လာပြောပြတာပါ"

"ဟာ...ဖိုးဖိုး..."
Jin အသံရှည်ဆွဲကာ ပြောလိုက်ပြီး ရှက်လွန်းသဖြင့် မျက်နှာတောင် လက်ဖြင့် အုပ်ထားရသည်...namjoon က Jungkook ပခုံးအားပုတ်ရင်း ထွက်သွားတော့သည်..သူသိပါသည် Jungkook ကို ယုံကြည်လို့ ရတယ်ဆိုတာ

Jin နှင့် Jungkook တို့ ဖိုးဖိုးနှင့် ဖွားဖွားတို့အား နှုတ်ဆက်ပြီး တံခါးအားပိတ်လိုက်ကြသည်

Jungkook တစ်ဖက်လှည့်ကြည့်တော့ အကျီအနားစကို လက်ဖြင့် ဆော့ရင်း မျက်နှာတွေ ရဲနေပါသော Jin.

Jungkook နှုတ်ခမ်းတွန့်ရုံလေး ပြုံးကာ Jin ဆီသို့ လျောက်လိုက်တိုင်း jinအနောက်သို့ တစ်လှမ်းချင်း ဆုတ်နေမိသည်

"လူကြီးတွေ အိမ်မှာ မရှိတော့ဘူး"
Jungkook တိုးငြင်းစွာ ပြောလာတော့ Jin စိတ်လှုပ်ရှားကာ သူ့အောက်နှုတ်ခမ်းလေးအား သူပြန်ကိုက်နေမိသည်

"ဟုတ်..ဟုတ်တယ်..အဲ့တာ...ဇာတ်ကားကြည့်ကြမလား...ဒါ..ဒါမှမဟုတ် တစ်ခုခုစားမလား...ချက်ပေးမယ်လေ"
Jungkook စကားအားဖြတ်ကာ Jin မေးခွန်းတွေနဲ့ တရစပ်​ပြောလာတော့ Jungkook ရယ်သာရယ်နေသည်

Jungkook ပြန်မဖြေပဲ Jin အနားကိုသာ ဆက်ဆက်တိုးသွားနေသည်..ထိုနည်းတူစွာ Jin ကလည်ူ အနောက်သို့ ဆုတ်နေဆဲပင် နောက်ဆုံးတွင်တော့ ကျောနှင့် စားပွဲခုံတို့ ထိကပ်နေသည်အထိပင်

My Melody is you (Translation Fic) Completedحيث تعيش القصص. اكتشف الآن