🤍အပိုင်းတစ်🤍

Start from the beginning
                                    

မိန်းကလေးမဆန်ပေမယ့် ရည်းစားထားရတာကိုတော့ သဘောကျတယ်။အထူးသဖြင့်
တစ်ပါးသူရဲ့နှလုံးနဲ့မှ ဆော့ကစားချင်တာမျိုး..။

* ရား!...ရုပ်ရှင်သွားကြည့်မယ်လို့။နင့်ရဲ့အဲ့စာအုပ်ကိုချထားပြီး ငါ့ကိုကြည့်စမ်းပါ *

ကင်မင်ဟီကိုဘယ်တုန်းကများ လျစ်လျူရှုလို့ရဖူးလို့လဲ။အာရုံစိုက်လို့မရတော့သည့်အဆုံး စာအုပ်ကိုပိတ်ချပစ်ပြီး ကိုယ့်ခုတင်ပေါ်မှာအကျအနဝင်ထိုင်နေလျက်၊ခြေတံရှည်လေးနှစ်ချောင်းကိုလွှဲဆော့နေတဲ့သူမအား မျက်ခုံးပင့်ပြမိသည်။

ထိုအခါမင်ဟီက ပခုံးတစ်ချက်တွန့်ပြ၍ မထိတထိပြုံးပြရင်း ခုတင်ခေါင်းရင်းဘေးတွင်ထောင်ထားသည့်ဂီတာညိုလေးကို ဆွဲယူကာ လက်ချောင်းထိပ်လေးများနှင့်အသာအယာကြိုးညှိသည်။ဘယ်လိုမိန်းကလေးပါလိမ့်။

ဂီတာတီးတာကိုအဲ့လောက်ထိနှစ်ခြိုက်ရသလား။အဲ့အစားမိန်းကလေးပြီပြီ ဟင်းချက်တာတို့၊ပန်းချီဆွဲတာတို့၊ချည်ထိုးတာတို့ကို ဝါသနာပါပါတော့လား။ကင်မင်ဟီက ကင်မင်ဟီမို့ တစ်မူထူးနေတာပါပဲ။

* ဘာလာရှုပ်ပြန်ပြီလဲ မိမင်ဟီ၊ဘယ်ရုပ်ရှင်မှလည်းမလိုက်နိုင်ဘူး နင်ပြန်တော့ *

* နင်အဲ့လိုငြင်းမယ်မှန်းငါသိပြီးသားနော်။အပိုတွေလုပ်မနေနဲ့သွားမယ် ထ! *

မင်ဟီတစ်ယောက် ဂီတာကိုဆော့ကစားနေရာမှ မျက်လုံးလှန်ကြည့်လာခဲ့ပြီး လှစ်ခနဲပြုံးပြလာပြန်သည်။

* ငြင်းလို့မရမှန်းသိလို့ကို ကြိုငြင်းထားတာရှင်းပြီလား *

* လုပ်စမ်းပါဂျီမင်ရာ ငါ သူနဲ့ချိန်းထားပြီးသားဖြစ်နေပြီ။သူအချိန်ပေးနိုင်တဲ့ရက်လေးပဲ ဒိတ်ရတာကို။ဂျီမင် အကျင့်မယုတ်နဲ့ဟာ*

ရုပ်ရှင်သွားကြည့်ဖို့တကူးတကလာခေါ်နေကတည်းက ကိုယ့်ကိုစေတနာရှိလွန်းလို့လိုက်ပြတာမဟုတ်မှန်းသိပြီးသား။မင်ဟီက မလွယ်လှတဲ့မိန်းကလေးမို့ ဒီလိုရည်းစားတွေထဲကတစ်ယောက်ယောက်နဲ့ဲဒိတ်တိုင်း သူ့ကိုအပူလာကပ်ပြီ။

မသိရင် ပတ်ခ်ဂျီမင်ကပဲ အန္တရာယ်ကင်းအဆောင်ကြီးလိုလို၊ဘော်ဒီဂတ်ကြီးလိုလို၊ရှုပ်ချင်သလိုရှုပ်ထားပြီးရင် မျက်နှာငယ်လေးနဲ့ရောက်ချလာမယ်။ကိုယ့်ကိုကိုယ် မိန်းကလေးမှန်းသိသေးလို့တော်ပါသေးရဲ့။

လူဆိုးကောင် (completed)Where stories live. Discover now