အပိုင်း(၂) ပီတိအပြုံးတွေနဲ့အကြည့်ခံရခြင်း

Începe de la început
                                    

အဲ့ဒီအမှတ်စာရင်း တွေပြောတဲ့နေ့ ကျူရှင်ဆင်းတော့ ကျွန်မတို့စက်ဘီးတွေထားတဲ့ ကျူရှင်ရှေ့မှာ သူက ကျွန်မကို တစ်ခုခုပြောချင်နေသလိုပဲ။ဒါနဲ့ကျွန်မလည်း စက်ဘီးထုတ်နေရင်းကနေ သူ့ကိုရပ်ကြည့်ခဲ့ပါသေးတယ်။ဒါပေမယ့်လည်း သူ့ဆီကဘာအသံမှာကြားမလာပဲ နောက်ကသူငယ်ချင်းတွေရဲ့အပြစ်တင်သံကိုသာကြားလိုက်ရသည်။

"ဟဲ့ မြန်မြန်ထုတ်လေ၊
နင်တစ်ယောက်တည်းရှိတာမဟုတ်ဘူး"

"ဗိုက်ဆာနေပါပြီဆိုမှ မြန်မြန်မထုတ်ဘူး။
နောက်တစ်ခါကျရင် နင်နောက်ဆုံးမှထုတ်"

စတဲ့ အသံတွေကြောင့် ကျွန်မစက်ဘီးကိုထုတ်ကာ အိမ်သို့အမြန်ပြန်လိုက်တော့တယ်။

ပြန်ပြီးစဥ်းစားကြည့်တော့ ကျွန်မအဲ့ဒီတုန်းက သူ့ဆီကနေ ဘယ်လိုအပြောကိုကြားချင်တာဖြစ်မလဲ။ ခြောက်တန်းအရွယ်သူကရော ကျွန်မကို ဘာပြောချင်နေတာဖြစ်မလဲ။ထားလိုက်ပါတော့လေ ကျွန်မတို့ အဲ့ဒီတစ်ခေါက်တော့ လွဲသွားပြီပဲ။

(၇)တန်းရောက်တော့ ဆရာမရဲ့အချိန်ပိုင်းစာအုပ်မှာ သူ့လက်ရေးကို ကျွန်မမြင်လိုက်ရသည်။လက်ရေးက လက်ရေးဆိုပေမယ့်လည်း အခုပြန်စဥ်းစားကြည့်ရင် သူ့လက်ရေးက ရင်အေးစေတဲ့လက်ရေးမျိုးလို့ ကျွန်မကောက်ချက်ချချင့သည်။အဲ့ဒီတုန်းကတော့ ခပ်ကြီးကြီးနဲ့ ဝိုင်းစက်နေတဲ့သူ့လက်ရေးတွေက ကျွန်မကို အေးချမ်းစေခဲ့တာအမှန်။

ဒီလိုဆို သူရော ကျွန်မလက်ရေးကို မြင်ဖူးခဲ့သလား။

နောက်ပိုင်းတော့ အနေအေးတဲ့သူ့ကို ကျွန်မတို့တတွေက သူသိအောင်တစ်မျိုး၊ မသိအောင်တစ်မျိုးစ,တတ်ကြပါတယ်။အဲ့ဒီိအချိန်တုန်းက သူဟာကျွန်မမျက်စိထဲမှာပင် ထူးခြားနေတာမျိုးမဟုတ်ပဲ ကျွန်မတို့နဲ့ရွယ်တူ မိန်းကလေးတွေရဲ့အမြင်မှာပါ ရေချမ်းအိုးလေးဖြစ်နေခဲ့တာလေ။

(၇)တန်းတစ်နှစ်လုံးလဲ သူမုန့်ထွက်ဝယ်စားတာ ကျွန်မ မမြင်ဘူးသလို၊ ကျွန်မနဲ့သူနဲ့လည်း စကားမပြောဖူးခဲ့ဘူး။

(၈)တန်းနှစ်ရောက်တော့ သူညကျူရှင်တတ်သည်တဲ့။ ကျွန်မကတော့ ကျွန်မ(၆)တန်းကတည်းက တက်ခဲ့တဲ့ကျူရှင်မှာပဲ။ သူများ ကျွန်မတို့ကျူရှင်ရောက်လာမလားလို့ မျှော်လင့်မိခဲ့သေးတယ်။ ဒါပေမယ့်လည်း သူက ကျွန်မတို့ကျူရှင်ထက်ပိုဝေးတဲ့ အနောက်ဖျားက ကျူရှင်ကို သွားတတ်တယ်လေ။

MyselfUnde poveștirile trăiesc. Descoperă acum