ပိုင်မှူးလည်း သားဖြစ်သူကိုချီ၍ ချော့သိပ်ရပြန်ပြီ...
ကလေးငိုသံကြောင့် သူ့သားငယ်ကိုလက်လွှဲယူရခဲ့သည်မို့ ဒီနေ့ညသူအိပ်ရေးပျက်မဲ့ညပေ။

သားငယ်ကလည်း အာခေါင်ခြစ်ပြီးကိုငိုသည်....
သူ့ရဲ့ ချော့မော့မှု့အောက်မှာပဲ ငြိမ်သက်လာသည့်သားငယ်က မျက်ဝန်းလေးများဖွင့်၍ကြည့်လာလေသည်။
ထို့နောက်ပြုံးပြလာပြန်သည်။
သူ့ရဲ့သားက မွေးလာကတည်းကသူနဲ့မတူပဲ စစ်မဟာရဲ့ရုပ်မှစစ်မဟာအစစ်ပေ။

''ဖေ့သားလေးက နို့ဆာလို့လားဟင်...
ဒါမှမဟုတ်....ဘာကိုမကျေနပ်လို့လည်း။''

သူ့ရဲ့အင်ကျီစကိုကိုင်ပြီး....ပါးစပ်ပြင်နေပြန်သည့်သားဖြစ်သူကို လွန်းရဲ့အခန်းထဲဝင်ပို့ပေးရလေပြီ....

''လွန်း....သားကို နို့တိုက်လိုက်အုံး....
သူနို့တောင်းနေပြီ။''

''အင်း.....ပေး သားကို...''

လွန်းလည်း သူ့သားငယ်ကို ချီ၍
သူ့ရဲ့နို့ရှိရာဆီဖိကပ်ကာ နို့တိုက်ရတော့သည်။
အဲ့ဒီတော့မှ မျက်လုံးလေးမှေး၍နို့စို့ရင်း
လွန်းရဲ့လက်ညှိုးလေးကိုဆုပ်ကိုင်ထားသည့် သားငယ်ကြောင့်....
''ကိုပိုင် အိပ်ချင်ရင် အိပ်တော့လေ...
သားကိုလွန်းပဲသိပ့်လိုက်မယ်။''

''ကိုယ်မအိပ်ချင်သေးဘူး....အလုပ်လက်ကျန်ဖြတ်ပြီးရင်အိပ်မယ်။
လွန်းသာ အားရှိအောင်အိပ်နော်..''

''အင်းပါ....ကိုပိုင် ''

ဒီလိုနဲ့ပဲ...
ကလေးသုံးလပြည့်သည့်နေ့မှာတော့
ကွယ်လွန်သူစစ်မဟာရဲ့ နှစ်ပတ်လည်နေ့ကိုရောက်လာတော့သည်။
ကောင်းမှု့ကုသိုလ်အတွက် ဘုရားမှာလှူဒါန်းပေးသည့်ကအများအပြားပေ။
ထို့နောက် မိဘမဲ့ဂေဟါတွင် အဟာရဒါနဖြစ်ကုသိုလ်လေးပါ ဝင်လှူခဲ့သေးသည် လွန်းတို့မိသားစုလေးက။

သူတို့မိသားစုလေးပျော်ရွှင်နေသည်ကို
ကြည့်ပြီး နှိုင်းမခလည်း ပြုံးမိရသည်။
မကြာခင်ရက်ပိုင်းမှာ သူလဲပဲ ချစ်သဲလို့ခေါ်သည့် အတွင်းရေးမှူးမလေးနှင့်လက်ထပ်တော့မည်ဖြစ်သည်။

ပိုင်မှူးရဲ့ရုံးခွဲကိုတော့ သူကပဲဦးစီးဦးဆောင်လုပ်ကိုင်နေရပြီး...နိုင်ငံခြားရုံးကိုတောင်သူပဲ သွားရသည်။
အရေးကြီးသည့်ကိစ္စရှိမှသာ ပိုင်မှူးသွားတတ်သည်။

Silent  Crying book(1) (Completed) book2(ongoing) Where stories live. Discover now