အပိုင်း(၂)မင်းဂုဏ်ယူသင့်တယ်

Start from the beginning
                                    

"သိပြီ သိပြီ ဆက်မပြောနဲ့တော့ မင်းကဒီလောက်တောင်မှပြောနေမှတော့ ငါမလုပ်ပဲနေလို့ရောရမှာတဲ့လား"

"ဒါဆိုရင်လည်း လက်ခံတယ်လို့ပဲသဘောထားလိုက်တော့မယ်"

ပြောပြီးတာနဲ့ ထွဋ်ခေါင်က ခပ်တည်တည် မီးဖိုခန်းထဲသို့ဝင်၍ ရေခဲသေတ္တာကိုဖွင့်သည်

"မင်းအစပ်တွေထပ်စားနေပြန်ပြီလား ဝက်ခြံပေါက်မယ်လို့ ငါဘယ်နှစ်ခါပြောရမလဲ မင်းကငါ့စကားတွေကို ဘယ်ချောင်မှာသွားထိုးထည့်နေတာလဲ ဘုရားရေ..... အသင့်စားခေါက်ဆွဲတွေမင်းစားနေတယ် ဝိတ်တက်လာရင်ဘယ်လိုလုပ်မလဲ မင်းမျက်နှာကြီးဇကောလောက်ဖြစ်မှာကို လိုချင်လား မလိုချင်ဘူးလား"

ထိုကဲ့သို့သောပူညံပူညံ အသံများသည် နေအဂ္ဂါ ကြားနေကြဖြစ်၍ နားထဲကိုသာ နားကြပ်ထိုးထည့်ရင်း သူ့မျက်လုံးတွေကိုမှိတ်လိုက်သည်

စာချူပ်ချူပ်ဆိုပြီးနောက်တစ်နေ့တွင် ထိုတက္ကသိုလ်ဝင်းထဲသို့ ရိုက်ကူးရေးလုပ်ရန်သူသွားရသည်။အဝင်ဝတွင် Professional University ဟုရွှေရောင်ဖောင်းကြွစာလုံးများဖြင့် ရေထိုးထားသည်။

ကျောင်းဝင်းထဲဝင်လိုက်သည်နှင့် စိမ်းလန်းသော မျက်ခင်းပြင်ကြီးကို မျက်စိတစ်ဆုံးမြင်ရသည်။အဝင်ဝမှ နှစ်မိုင်ခန့်ကားမောင်းပြီးသည့်နောက် ကျောင်း၏ အဓိကအဆောက်အအုံကြီးတစ်ခုဖြစ်တဲ့ ဘွဲ့နှင်းသဘင်ခန်းမသို့ရောက်သည်။သူကားပေါ်ကဆင်းဆင်းချင်းမှာပဲ ဘယ်ကထဲကခေါ်ထားမှန်းမသိတဲ့ မီဒီယာများ၏ဓာတ်ပုံတစ်ဖျက်ဖျက်ရိုက်​​ခြင်းနှင့်ဆီးကြိုခံရသည်။ထို့အပြင် ပါမောက္ခချူပ်ကြီးနဲ့ကျောင်းရှိဆရာဆရာမများပါ ပါ၏။ ပါချူပ်ကြီးနှင့် အလာဘသလာဘစကားပြောပြီးနောက် ဖဲကြိုးဖျက်အခမ်းအနားဖွင့်လှစ်ခြင်း မိန့်ခွန်း​​ပြောကြားခြင်း စသဖြင့် ဘာဘာညာညာပြုလုပ်ပြီးနောက်မှာ တစ်နေ့တာကလျှင်လျှင်မြန်မြန်နဲ့ပဲကုန်ဆုံးသွား၏။

"ထွဋ်ခေါင် ငါ့ကိုကားပေါ်ကစောင့်နေ Toilet ခဏသွားပြီးပြန်လာခဲ့မယ်"

တစ်နေ့တာလုံး လာနှုတ်ဆက်သမျှ သွားဖြဲပြရတဲ့ဒုက္ခကြောင့် သူ့ပါးတွေက စကားပြောဖို့ရန်ပင်အားမရှိတော့ Toilet ထဲရှိဘေလ်စင်မှ ရေပန်းကျသံတဗျောဗျောက အဆောက်အဦးတစ်ခုလုံးကိုပဲ့တင်ထပ်စေသည် သူ့မျက်နှာရှိမိတ်ကပ်အကြွင်းအကျန်များအား ပြောင်စင်အောင်ရေနဲ့ဆေးကြောလိုက်သည်။ထိုအဆောက်အဦး ထဲမှ သူထွက်လာစဥ် သူ့နာမည်ကိုတ​ကြော်ကြော်အော်ခေါ်နေသည့် ကျောင်းသားကျောင်းသူ အစုအဖွဲ့ကြီးက သူ့ဆီဝရုန်းသုံးကားပြေးလာနေသည်ကို သူတွေ့လိုက်ရသည်။နီးစပ်ရာအဆောက်အဦးထဲပြေးဝင်ရင်း တံခါးကို အလျှင်အမြန် လော့ချပြီးမှ သူသက်ပြင်းချနိုင်သည်

Before I Fall You[Completed]Where stories live. Discover now