"ကိုယ်ကြည့်နေရင် ကဉ္စနကို ရင်ခုန်စေလို့လား"

"ဘော..... မင်းအဲ့လိုစိုက်ကြည့်​နေရင် သေးပေါက်ချင်တာလိုလိို အီးပါချင်တာလိုလိုနဲ့ "

"အိုး ... အသင်အတော်ရိုင်းပေစွ "

"ကျေးဇူးပဲ "

စိတ်မဆိုးတဲ့အပြင် မင်းထက် ဆံပင်လေးတွေကို အသာထိရင်း ပြုံးနေသည်။ဆံပင်ကိုင်ရတာ အတော်ကြိုက်သည်ထင်။

"ကိုယ်ခဏလောက် မှေးစက်ချင်တယ် "

"အေး....ကောင်းတယ် သွားအိပ်နေတော့ "

မင်းထက် ပြောပြီး ထထွက်ဖို့လုပ်တော့ လက်ကို လှမ်းဆွဲထားသည်။

"ဘယ်ကိုသွားမလို့လဲ "

"ဥယျာဉ်ထဲ လျှောက်ကြည့်မလို့ မင်းဘာသာ အိပ်စရာရှိတာ အိပ်"

"ကိုယ် ...မင်းရဲ့ ပေါင်ပေါ်မှာ မှေးစက်ချင်တာ"

အတည်ကြီးပြောနေတဲ့ ဘုရင်ကြောင့် မင်းထက်မှာ ထိုင်ရမလို ထရမလိုနဲ့။

"မင်း ... ဘုရင်ဖြစ်ပြီး ခေါင်းကို ဟိုပေါ်တင် ဒီပေါ်တင်နဲ့ ဘုန်းနိုမ့်ချင်လို့လား "

"ကဉ္စနက ကိုယ်တော့်အတွက် တွေးပေးတတ်တာပဲ "

ဆုတောင်းလေ။ ငါကနားအေးပြီးရော လျှောက်ပြောလိုက်တာကို အဲ့ဒီ မျက်လုံးတွေက ဘာလို့ ဘလင်းဘလင်းထနေရတာတုန်း။ နဖူးအလယ်တည့်တည့်က အနီရောင်အပျောက်က သူ့မျက်လုံးတွေ ပိုစူးရှအောင် ထောက်ပံ့ပေးနေတယ်။

"အရှင်... မယ်မယ်ဘုရားက အိမ်ရှေ့စံနဲ့ တွေ့ချင်ပါတယ်တဲ့ "

အနားရောက်လာတဲ့ ဓညရဲ့ လျှောက်တင်သံကြောင့် ဘုရင်က သူ့ကိုလှမ်းကြည့်သည်။ထို့နော​က်

"ကဉ္စနက တွေ့ချင်ရဲ့လား"

"အမှန်တိုင်းပြောရရင်မတွေ့ချင်ဘူး ဒါပေမယ့် ရှောင်လိုက်ရင်လည်း ကြောက်တယ်ထင်နေလိမ့်မယ် အဲ့တော့ သွားတွေ့တာပေါ့ သူ့အဆောင်မှာလား "

" မဟုတ်ပါဘူး အရှင့်သား ဥယျာဉ်ထဲက နှင်းဆီခင်းနားမှာပါ "

"သွားတာပေါ့"

"ကဉ္စန ... ဖြစ်ပါ့မလား"

ရာဇက စိုးရိမ်စွာကြည့်ပြီး

ရာဇဝင်ထဲက FudanshiΌπου ζουν οι ιστορίες. Ανακάλυψε τώρα