အခန်း - ၂၀

Bắt đầu từ đầu
                                    

ပစ်တိုင်းထောင် ယောင်နနနှင့်သာ " ဟုတ်ကဲ့ " ဟုသာပြောလိုက်ရသော်လည်း အခုထက်ထိနိုးသလား။အိပ်နေတုံးလားဆိုတာ မကွဲပေ။ခုနကထက်ထိသူ့ကို ကိုဘုန်းကဖက်ထားတာမဟုတ်ဘူးလား။မဟုတ်မှ သူအိပ်မက်မက်နေတာများလား။

ဟိဟိ အိပ်မက်ထဲတောင်ပါလာတယ်ဆိုတော့ ဒီလူကြီးကို သူတော်တော်လေးကိုပဲ မရတော့ဘူး။

တင်ပလ္လင်ခွေလျက်သား ထိုင်နေရာမှ ဒူးနှစ်ဖက်အား လှုပ်လိုက်ရင်း ပါးနှစ်ဖက်အားလက်ဖြင့်ကိုင်ထားသည်။အိပ်မက်ထဲ၌ ဟိဟိ ဟိဟိ ဟိဟိ ပျော်စရာကြီး။ပျော်လွန်းလို့ မေ‌မေတံခါးကိုခေါက်ပြီးနှိုးတာတောင်မနိုးတာကို။

နံနက်စောစောစီးစီး အယ်မဟုတ်တာနေ့လည်တောင်ရောက်တော့မယ်ဟ။

ခြုံထားသောစောင်အား သပ်သပ်ရပ်ရပ်ခေါက်ရင်း ။မျက်နှာသစ်ရန် အိမ်နောက်ဖေးသို့ထသွားတော့သည်။

" မေ့ ဘာဟင်းချက်လဲ။ "

" သားကြိုက်တဲ့ ကြက်ချဉ်စပ်လေ။ဟင်းဝါလေးချက်ထားပေးတယ်သားရဲ့။ မနေ့ကခြေခေါက်တာ သက်သာလားသား "

" အင်းသက်သာပါတယ် မေမေရဲ့ ဟီး "

" မဟီးနဲ့ လာထိုင်ဦး။ မေသော့်‌မင်္ဂလာဆောင် ရှိလို့ သား လူကြီးတွေကိုလိုက်မကန်တော့ရသေးဘူးဟုတ်။ပြီးရင်ရေမိုးချိုး အဝတ်စားလဲပြီး လူကြီးတွေကိုသွားကန်တော့လိုက်ကြားလား။နောက်ကျရင်အားနာစရာကြီးကွယ်။ဘွားမေကိုတော့ ကြီးမြနဲ့ပဲကန်တော့ပစ္စည်းတွေထည့်ပေးလိုက်တယ်။မအားဘူးလေ အမေတို့လည်း။ "

" ဟုတ်ဟုတ် "

" ဟဲ့ ကောင်လေး။ကောက်ညင်းပေါင်းတွေသိပ်မစားနဲ့ အပူကန်နေမယ်ကြားလား "

" အင်းပါ မေကလည်း "

ပစ်တိုင်းထောင် လေးတိလေးကန်နှင့်ပြောလိုက်သောကြောင့် ဒေါ်လှရီ ခေါင်းကိုခွပ်ခနဲခေါက်ကာ

" အိပ်ယာထ မျက်စိနှစ်လုံးပွင့်တာနဲ့ ပျင်းနေတာပဲလူကြည့်တော့ ငယ်ငယ့်လေးရှိသေးတယ်။ "

" မေကလည်း "

" စား စားတော့ သွက်သွက်စား ထမင်းစားချိန်နဲ့တိုက်နေအုံးမယ် "

သူကြီးကတော်(BL)Nơi câu chuyện tồn tại. Hãy khám phá bây giờ