"နှစ်ယောက်သားစကားများနေလိုက်ကြတာ အန်နာ ဒယ်ဒီ့ကိုပစ်ထားတယ်ပေါ့ babeရော ကိုယ်ရှိနေတာသတိရောထားမိရဲ့လား"

ဂျောင်ဂုပြောပြီးဝင်သွားတော့
ထယ်ယောင်းအကြည့်က ကလေးနဲ့အပြိုင်မနိုင်ဘူးဆိုတဲ့အကြည့်နဲ့ကြည့်နေတော့တာ။

"သတိထားမိပါတယ် ခဏနေရင်ဂျွန်က ပီဇာမှာကျွေးမှာဆို"

"ဒယ်ဒီမှာကျွေးမှာဆိုလို့ သမီးတို့က အိမ်ကမုန့်တောင်မစားထားဘူး"

"မ ကျွေး ဘူး "

တစ်လုံးချင်းပြောလိုက်ကာ ကုတင်ပေါ်မှာပက်လက်လှန်ချလိုက်သော ဂျောင်ဂုကိုကြည့်ကာ အန်နာကအော်ရယ်ပါလေတော့သည်။

"ကိုကို ဒယ်ဒီကအမြဲစိတ်ကောက်နေကြ သူကအငယ်ဆုံးလား ဒီအိမ်မှာ"

ထယ်ယောင်းက မနိုင်ဘူးဆိုတဲ့အကြည့်နဲ့ကြည့်ကာအဝတ်တွေကိုထည့်ပြီး ဗီရိုတံခါးကိုပိတ်လိုက်တော့သည်။

"အန်နာ မေမေဖုန်းဆက်တယ် အိမ်ရောက်ပြီတဲ့ ညနေသမီးကိုပြန်လာခဲ့ပါတဲ့"

"ဟုတ်ကဲ့ ဒယ်ဒီ"

"ဟင်....ပြန်တော့မလို့လား နေပါအုံးကိုကိုတို့နဲ့"

"မေမေကနေသိပ်မကောင်းတော့ အန်နာပြန်လိုက်အုံးမယ် ကျောင်းဝတ်စုံကလည်းအိမ်မှာလေ ကိုကိုရဲ့မနက်ဖြန်ကျောင်းလည်းတက်ရမှာ"

ထယ်ယောင်းကမပြန်ဖို့တားတာကို
အန်နာကတော့လူကြီးလေးတစ်ယောက်လိုသာပြုမူနေပြပြန်တယ်။

"အဲ့ဒါဆို ကျောင်းပိတ်ရက်တွေလာလည်နော်"

အန်နာကခေါင်းတဆက်ဆက်ငြိမ့်ပြကာ လက်ကိုဆန့်တန်းပြတော့ ထယ်ယောင်းကပြေးလာကာ အန်နာကဖက်လိုက်သေးတာကို ဂျောင်ဂုကြည့်နေရတော့သည်။ ဒီနှစ်ယောက်ကိုအမြင်ကကပ်လာပြီ ခေါင်းတွေကိုသာခေါက်ပလိုက်ချင်တော့သည်။

"သမီးဒယ်ဒီ ကိုကိုတို့ကိုစိတ်ဆိုးနေပြီထင်တယ် ဟားဟား လာလေဂျွန်ဖက်ထားပေးမယ်"

"မပြောချင်ဘူးနော်"

ဆူပုတ်ပုတ်ထလာကာအန်နာရော ထယ်ယောင်းကိုပါနောက်ကနေဖက်ထားပေးသည်။အမြဲတမ်းလုံခြုံသွားသလိုခံစားလိုက်ရသည်။အန်နာလေးက ဦးလေးကောင်းကိုရ ထားတာပဲ။ကျွန်တော်ကလည်းချစ်သူကောင်းကိုရ ထားတာ။

 Simplicity of love √Completed √Opowieści tętniące życiem. Odkryj je teraz