episode 5(uni)

11.9K 376 0
                                    

ကျွန်တော်အိပ်ရာ လဲနိုးလာရော အကို Tasu ကိုမတွေ့ရဘူး
ညက အိမ်ပြန်မလာဘူးထင်တယ်

ကျွန်တော်လည်း မနက်စာ စားပီးတာတာနဲ့
ကျောင်းကိုလာတယ် ကျောင်း ကလည်းဒီတိုင်းပါပဲ

ထွေထွေထူးထူး မရှိဘူး
ညနေ၄ နာရီ bar ကို ပြန်ဖို့ လာနေတုန်း

ကျွန်တော့်အရှေ့မှာ လူသန်ကြီး သုံးယောက်က"မင်း ငါတို့နဲ့ လိုက်ခဲ့စမ်း "

ကျွန်တော် တစ်ခါမှလည်း မမြင်ဖူးဘူးတဲ့ မျက်နှာစိမ်းတွေ အဲ့တော့
"ဟာ ဘာလို့လိုက်ရမှာလဲ ကိုယ့်လမ်းကိုယ်လျှောက်နေတာပဲကို"

"ကျစ် လေသံပျော့ပျော့နဲ့ပြောတော့ နားဝင်မချိုဘူးထင်တယ် ဟေ့ကောင်တွေ ကောင်လေးကို ချုပ်လိုက်"

"ဟာ ဒါဘာလုပ်တာလဲ" ကျွန်တော်ကို ပဒိုင်းကြီး လာ ကောနေတာ ကျွနါတော် သူတို့ကို မသိဘူး

ပြောပြောဆိုဆိုနဲ့ ပဲ Asukiကို နောက်ကနေ. ဲ့ခေါင်းကို တုတ်နဲ့
ရိုက်လိုက်တယ် Asuki မျက်လုံးထဲ အမှောင်အတိ

📎📎📎📎📎📎📎📎📎📎📎📎📎📎📎📎📎📎📎

ကျွန်တော် နိုးလာတော့ "အား "ခေါင်းက အရိုက်ခံရတဲ့ ဒဏ်ရာကြောင့် တော်တော်လေး အီသွားတယ်

တစ်လက်စတည်းတွေးမိလိုက်တာက
ကျွန်တော် ဘယ်ရောက်နေတာလဲ? နောက်ပီး ကျွန်တော်ရဲ့ လက်ရောခြေထောက်တွေရော ကို ထိုင်ခုံနဲ့ကပ်ပီး ချည်ထားတယ်

ကျွန်တော် ရုန်းလို့မရဘူး  Ah နာတယ် ခေါင်း ကလည်း ဒဏ်ရာကြောင့်နည်းနည်းမူးနေတယ်

အဲ့အချိန်မှာ "ကောင်လေး မင်းနိုးပီလား?" အသက် ၃၀ခန့်ယောကျား်ကြီးတစ်ယောက်ရဲ့အသံ

ကျွန်တော်မော့ကြည့်တော့ မျက်နှာမှာ ဓါးရာကြီးနဲ့ ကြောက်စရာကြီး
သူ့ဘေးနားမှာလည်း သူ့လို့ ရုပ်ကြမ်းနဲ့ သူ့ကိုယ်ရံတော်ထင်ပါရဲ့ ၃ယောက်တောင်


"ဟာ ဘာတွေလဲကျွန်တော်နဲ့ဘာရန်ငြိုးရှိလဲ "

" အေကွာ မင်းနဲ့တော့ ရန်ငြိုးမရှိပါဘူး ဒါပေမဲ့ မင်း ရဲ့အကိုနဲ့တော့ရန်ငြိုးရှိတယ် "

You are mine 👽(completed)Место, где живут истории. Откройте их для себя