Jin နိုးလာတော့ အားမရှိသလို နုန်းနေသော ခံစားချက်နှင့် ဆေးနံ့တွေလည်း အပြည့်ရနေသလို
လက်မှလည်း နာကျင်သောကြောင့် ကြည့်လိုက်တော့ ဆေးသွင်းထားပုံ အသံကြားရာကြည့်လိုက်တော့ YG နှင့် လူတစ်ယောက် စကားပြောနေတယ်

Jin - Yoongi ya ငါဘယ်လိုဖြစ်ပြီး
Yg - jin သတိရပြီလား ဘယ်လိုနေသေးလဲ ငါဆရာဝန်ခေါ်ပေးမယ်

Yg သူမေးတာကို မဖြေပဲ သူပြောချင်တာတွေပြောပြီး ထွက်သွားကတည်းက သိလိုက်ပါပြီ ဘယ်လောက်တောင် စိတ်ပူနေလဲဆိုတာ
Yg ထွက်သွားမှ အနားကို ကပ်လာတဲ့ လူ
ပုံစံက သန့်သန့်ပြန့်ပြန့် Fila အကျီကို ဝတ်ထားပြီး Jean ဘောင်းဘီနဲ့ ပြုံးပြနေတာက ချစ်ဖို့ကောင်းပြီး Bunny လေးနဲ့တောင်တူနေသည်
Jin ထို bunny လေးကို စိုက်ကြည့်မိတော့

Jk - အဆင်ပြေရဲ့လား ကျနော်က Jeon Jung Kookပါ ဒီက Jin လမ်းမှာလဲကျနေတာတွေ့လို့ ဆေးရုံကို ခေါ်လာပေးတါပါ

Jinမေးမှာတွေကို ကြိုသိနေသလိုဖြေလာတဲ့ကောင်လေးကို ကြည့်ပြီး

Jin - aww ကျေးဇူးပါနော် အလုပ်ရှုပ်စေမိပြီ ကျနော်က Kim Seok jin ပါ Jin လို့ခေါ်လို့ရပါတယိ

Jk - အလုပ်မရှုပ်ပါဘူးJin ကိုယ်က ကူညီတာပါ

သူ့ကိုယ်သူ *ကိုယ် *လို့ သုံးပြီးပြောလာတော့ စိတ်ထဲမှာ တစ်မျိုးလေးဖြစ်ခဲ့ရသည်

ခဏအကြာ YG ဆရာဝန်နှင့်အတူဝင်လာသည်

Doctor - ဆေးကုန်ရင် ဆေးရုံဆင်းလို့ရပါပြီ နောက်တစ်ခါ ထပ်မဖြစ်အောက် ဂရုစိုက်ပါ ပြီးတော့ နှလုံးအားနည်းတဲ့အတွက် အပင်ပန်းသိပ်မခံပါနဲ့

ဆရာဝန် စစ်ကြည့်ပြီး မှာစရာတွေမှာပြီးထွက်သွားတော့ YG jin အားကြည့်ကာ

Yg - jin လေး ကြားတယ်နော် မင်းကလေ ငါ့စကားကို နားမထောင်ဘူး အခုလည်းကြည့် JK သာ မတွေ့ခဲ့ရင် ဘယ်လိုလုပ်မလဲ

Jin - အေးပါကွာ အခုလည်း ငါဘာမှမဖြစ်ပါဘူး
ကောင်းသွားပြီပဲဟာကို

Yg ပြောသမျှကို မျက်နှာငယ်လေးလုပ်ပြီး ပြန်ဖြေလာတဲ့ ကောင်လေးကို စိတ်ဆိုး​နေတဲ့
​Yg လည်း စိတ်လျော့လိုက်သလို နောက်ကနေ ကြည့်နေတဲ့ JK လည်း မသိလိုက်ခင် အပြုံးများနှင့်

Clouds (Complete)Tahanan ng mga kuwento. Tumuklas ngayon