ရှရွှမ်းတစ်ယောက်တည်း အဲမှာနေနေတာမဟုတ်ဘူး.အခြားသရုပ်ဆောင်တွေလည်းနေကြတယ် .

အဲ့ဒါကြောင့် သူတို့က တစ်စုံတစ်ယောက်ဝင်သွားတာပဲဖြစ်ဖြစ် ထွက်လာတာပဲဖစ်ဖြစ်သတိထားနေကြတယ်. နောက်ဆုံးမှာတော့ရဲတွေပါ ပါလာတော့တယ်

'တင်း..တောင်..တင်းတောင်...တင်းတောင်..'

တံခါးဘဲလ်တီးသံတွေက ထပ်ခါထပ်ခါမြည်နေပြီးတော့ ရဲဝတ်စုံဝတ်ထားတဲ့လူတွေက တစ်ဦးကိုတစ်ဦးကြည့်နေကြတယ.
သူတို့က ပိုင်ရှင်တံခါးဖွင့်လာမှာကို စောင့်နေတယ်.

တံခါးဖွင့်လာတဲ့အခါမှာတော့ သွေးညှီနံတွေကနံလာပြီး ရှရွှမ်းကညအိပ်ဝတ်စုံကို ဝတ်ထားတယ်.
သူမကဆိုဖာပေါ်မှာ လဲလျောင်းနေပြီးတော့သူမရဲ့လက်တစ်ဖက်က ရှရာတွေနဲ့ပြည့်နှက်နေတယ်.

သူမရဲ့လက်ကောက်ဝတ်ကအလှီးခံထားရပြီး လတ်ဆတ်တဲ့သွေးတွေက လက်ချောင်းတွေတစ်လျှောက်စီးကျနေပြီး အဖြူရောင်သိုးမွှေးခင်းကိုအနီရောင်ပြောင်းသွားစေခဲ့တယ်.

"ရဲဘော်,ရှရွှမ်းက သူမအပြစ်ဒဏ်မခံချင်လို့ကိုယ့်ကိုယ်ကိုသတ်သေသွားတာလား"

လူနာတင်ယာဥ်ရောက်လာတဲ့အခါမှာသတင်းထောက်တွေက ဝိုင်းဝိုင်းလည်နေတယ်

"ရှရွှမ်းသေဆုံးမှုက အသတ်ခံရတာလားသတ်သေတာလားမသိဖူး,သူမကတစ်ကယ်ဘဲ ၂၁၁ တက္ကသိုလ်ရဲ့လူသေဆုံးမှုမှာတကယ်အပြစ်ကျူးလွန်ခဲ့တာလား,အရာရှိ...တစ်ခုခုပြောသွားပါဦး"

"ကျွန်တော်တောင်းပန်ပါတယ်. ဒီကိစ္စကိုဖော်ပြဖို့အတွက် ဘာသက်သေမှမရှိသေးပါဘူး  ကျေးဇူးပြုပြီးလမ်းဖယ်ပေးပါ"

ရဲတွေက သတင်းထောက်တွေကို လမ်းဖယ်ခိုင်းပြီးစောင့်နေတဲ့ လူနာတင်ယာဥ်ဆီ ရှရွှမ်းကိုခေါ်သွားတယ်

#ရှရွှမ်းသည်အပြစ်ဒဏ်မခံလို၍ကိုယ့်ကိုယ်ကိုသတ်သေခြင်း#

#၂၁၁တက္ကသိုလ်မှလူသေဆုံးမှုနောက်ကွယ်ကပြစ်မှုကျူးလွန်သူ#

၂၁၁တက္ကသိုလ်ရဲ့သတင်းဟာအရှာဖွေခံရဆုံးဖြစ်လာခဲ့တယ်

"မင်းကို ရန်လာစရဲတဲ့ သူတွေကတော့ တစ်ကယ်ကို သနားစရာကောင်းတာဘဲ"

Final Boss Is No JokeDove le storie prendono vita. Scoprilo ora