**************************

"hyungwon ဒီမှာမနက်စာရပြီ"

"အင်း ဒါနဲ့ခုနကဘယ်သူဖုန်းဆက်တာလဲ"

"ဘယ်သူမှမဟုတ်ပါဘူး ဖုန်းမှားတာ"

"ဟို...ငါ့အမေ အခြေအနေဘယ်လိုရှိလဲဟင်"

"ကောင်းတယ် ကျန်းကျန်းမာမာပဲ"

"ငါ့အမေကိုတွေ့ချင်လိုက်တာ"
"Minhyuk ah...မင်းငါ့ကိုဘယ်အချိန်မှငါ့အမေနဲ့တွေ့ခွင့်ပေးမှာလဲ"

"တွေ့ရမှာပါ အခုတော့မဟုတ်သေးဘူး"

"....."

*******************************

"Jooyoung"

"ဟုတ် မမကြီး"

"hyungwon အ ‌ေြခအနေဘာထူးသေးလဲ"

"မထူးပါသေးဘူး မမကြီး"

"အင်း အခြေအနေဘာမှမထူးရင် ရှာနေတာတွေရပ်ခိုင်းလိုက်တော့"

"ဘာလို့လဲ မမကြီး"

"ဒီရက်အပိုင်းအတွင်းမှာမှ hyungwonဘက်ကဆက်သွယ်မလာဘူးဆိုရင် hyungwonကိုငါ့သားအဖြစ်ကအမွေဖြတ်စွန့်လွှတ်လိုက်တော့မယ်"

"ရှင်!!!"

"ဟုတ်တယ် မိဘကိုအရှက်ရအောင်လုပ်တဲ့သား အခုငါပတ်၀န်းကျင်မှာဘယ်လိုမျက်နှာပြရမလဲ naeunတို့ကိုလဲအားနာရလွန်းလို့ဘယ်လိုလုပ်ရမှန်းတောင်မသိဘူး ငါ့စကားဆိုနည်းနည်းလေးတောင်မလွန်ဆန်ခဲ့တဲ့သူက အခုဘာမဟုတ်တဲ့ကောင်ကြောင့်နဲ့ ငါ့ကိုအရှက်ရအောင်လုပ်ခဲ့တာ ငါခွင့်မလွှတ်နိုင်ဘူး"

"ဒါပေမဲ့လည်း မမကြီးရယ် အဲ့လောက်ကြီးတော့မလုပ်သင့်ပါဘူး စိတ်အေးအေးထားပြီးစဉ္းစားပါဦး hyungwonieလဲပြန်ဆက်သွယ်လာမှာပါ"

"တော်တော့ ငါ့ကိုဆန့်ကျင်ပြီး အရှက်ခွဲခဲ့တဲ့သား ငါဘက်ကလဲဘာမှငဲ့ညှာနေစရာအကြောင်းမရှိဘူး မနက်ဖြန်ကျရင်ရဲစခန်းမှာဖွင့်ထားတဲ့အမှုတွေလဲပိတ်လိုက်တော့ ဆက်လည်းမစုံစမ်းနဲ့တော့လို့ပြောလိုက် ပြီးတော့ ငါဆေးရုံကဆင်းတာနဲ့ နောက်၀ယ်ထားတဲ့အိမ်အသစ်မှာပဲသွားနေမယ် အခုအိမ်ကိုရောင်းဖို့စီစဉ်ထားလိုက်တော့"

"မမကြီး!!!"

"ငါဘာမှမကြားချင်ဘူး ငါပြောတဲ့အတိုင်းလုပ်"

You are Mine (Complete)Where stories live. Discover now